Chaw Sukhita မချော ရဲ့ Breathworks for Internal Organs

Описание к видео Chaw Sukhita မချော ရဲ့ Breathworks for Internal Organs

Chaw Sukhita ရဲ့ Breathworks for Internal Organs

Religion to Responsibility ဆိုတဲ့ Motto လေးကို သဘောကျတာရယ်
အစ်ကိုဆရာ Ashwin Kumar မျှဝေနေတဲ့ ပို့စ်တွေတိုင်းမှာ တွေ့ရလေ့ရှိတဲ့ #သစ္စာအမြင် ဆိုတဲ့ Intention က ကျမ လျှောက်တဲ့ လမ်းနဲ့ တူနေတာကြောင့်
Prana Healing ရဲ့ “မြတ်သောဒါန “ အစီအစဥ်လေးမှာ မေတ္တာဖြင့် ပါဝင်ခွင့်ရတာကို ကျေးဇူးတင်ပါတယ် ..

ကျမတို့ Body - Mind - Spirit ဆိုပြီး ကိုယ် - စိတ် - နှလုံး ၃ ပါး ချိတ်ဆက်ပြီး စိတ်အလုပ်တွေ လုပ်ကြတဲ့ အခါ
အရင်ဦးဆုံး ကိုယ်ခန္ဓာဖြစ်တဲ့ Body ဟာ လိုရာခရီးကို ရောက်ဖို့ ယာဥ်အဖြစ်သုံးပြီး သွားရသလို ဖြစ်တာကြောင့်
Body ရဲ့ wellness က လည်း အရေးကြီးလှပါတယ်

ကိုယ်ခန္ဓာ ရဲ့ ကြံ့ခိုင်မှု့ သန်စွမ်းမှု့ ကျန်းမာမှု့တို့ဟာ စိတ်အလုပ် ဥာဏ်အလုပ်တွေအတွက် အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်
လိုရာ ခရီးကို ကားစီးပြီး သွားမယ်ဆိုရင်
ကားက ကိုယ်ထည်လည်းကောင်းတယ် အင်ဂျင်ပါဝါလည်းမြင့်တယ်ဆိုပါက ခရီးတွင်သလို လူလည်းသက်သာပါတယ်
ဒါကြောင့် ကား body နဲ့ တူတဲ့ အပြင်ပန်း ခန္ဓာကို ဂရုစိုက်ရသလို
အင်ဂျင်နဲ့ တူတဲ့ ဝမ်းတွင်းကလီစာတွေကိုလည်း ဂရုစိုက်ပေးဖို့ အရေးကြီးတာကြောင့်
သင်ယူလေ့ကျင့်ထားတဲ့ အတွင်းကလီစာတွေအတွက် အသက်ရှုနည်းလေးကို မျှဝေခဲ့တာဖြစ်ပါတယ် ..
အပြင်ပန်း ခန္ဓာကိုယ်မှာ ထိခိုက်ရှနာဖြစ်ခဲ့ရင် မြင်သာထင်သာမို့ ပျောက်ကင်းသက်သာအောင် ဆေးကုရတာ မခက်ပေမယ့်
စိတ်ခံစားမှု့တွေကြောင့် အတွင်းကလီစာတွေမှာ ဖြစ်တဲ့ ထိခိုက်မှု့တွေကျတော့ ထိခိုက်သွားမှန်းတောင် မသိလိုက်လောက်အောင်ကို
ဖြစ်ကြတာမို့ များသောအားဖြင့် ရောဂါတွေ စွဲကပ်ပြီး အချိန်လွန်မှ သိကြ ကုသရတာ များပါတယ်
အခုဆိုရင် ကင်ဆာတွေမှန်သမျှဟာလည်း စိတ်ရယ် အစားအသောက်ရယ်နဲ့ ဆက်နွယ်နေတာလည်း သိလာကြပါပြီ
ဒါကြောင့် ဝမ်းတွင်းကလီစာတွေကို အသက်ရှုရင်း သန့်ရှင်းရေးလုပ်ဖို့ အတွက် သိသလောက် နည်းလေးတွေ မျှဝေရင်း
နေ့စဥ် ဘဝမှာ ထမင်းစားသလို အညစ်အကြေးစွန့်ထုတ်သလို ရေချိုးသလို အသက်မှန်မှန်ရှု ကြဖို့ကိုလည်း မေတ္တာရှေ့ထား တိုက်တွန်းနှိုးဆော်လိုက်ရပါတယ် ..

ကျန်းမာရွှင်လန်းပါစေ
ငြိမ်းချမ်းခြင်း ချစ်ခြင်းမေတ္တာ ဥာဏ်ပညာ ဖြင့် ပြည့်စုံကြပါစေ ..
🙏🤎🙏
Chaw Sukhita

Комментарии

Информация по комментариям в разработке