AA နှင့် မိတ်ဆွေဖွဲ့ဖို့လိုအပ်ကြောင်း ချင်းလူထုတွေ့ဆုံပွဲမှာ ပြောခဲ့တဲ့ မီဇိုရမ်ပြည်ဝန်ကြီးချုပ်

Описание к видео AA နှင့် မိတ်ဆွေဖွဲ့ဖို့လိုအပ်ကြောင်း ချင်းလူထုတွေ့ဆုံပွဲမှာ ပြောခဲ့တဲ့ မီဇိုရမ်ပြည်ဝန်ကြီးချုပ်

အမေရိကန်ပြည်ထောင်စု၊အင်ဒီးယားနားပြည်နယ် Chin Evangelical Baptist Church မှာ စက်တင်ဘာလ ၄ ရက်နေ့ညက ကျင်းပတဲ့ ချင်းလူထုနှင့်တွေ့ဆုံပွဲ အမေးအဖြေအစီအစဉ်မှာ အာရက္ခတပ်တော် (AA) နဲ့ကုလားတန်စီမံကိန်းအကြောင်းမေးခွန်းမေးမြန်းရာမှာ AA နှင့် မိတ်ဆွေဖွဲ့ဖို့လိုအပ်ကြောင်း အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhhoma က အခုလိုဖြေကြားခဲ့ပါတယ်။

“ အာရက္ခတပ်တော် AA နဲ့ တွေ့ဆုံစကားပြောဖို့လိုပါတယ်။ AA နဲ့ ကျနော်တို့ပြဿနာဖြစ်ရင် သူတို့ကအင်အားပိုကောင်းတယ်၊ သူတို့မှာ အင်အားတော်တော် များတယ် ဒါကြောင့် တိုက်ဖို့မဟုတ်ပဲ ချစ်ကြည်ရင်းနှီးရမယ် သူငယ်ချင်းအဖြစ်မိတ်ဆွေဖွဲ့ရမယ် CNA ဖြစ်ဖြစ် Chin Brotherhood ဖြစ်ဖြစ် Chinland Council ဖြစ်ဖြစ် ZRA အရှေပိုင်း အနောက်ပိုင်းတိုင်းပဲဖြစ်ဖြစ် AA ဖြစ်စေ ၊ PDF တွေဖြစ်စေ ငါတို့တော်လှန်တိုက်ခိုက်နေတဲ့အရာက အတူတူပဲဖြစ်ပါတယ်၊ ဒါကြောင့် မိမိတို့အချင်းချင်းကြားပြဿနာ ဖြစ်နေရင် စစ်ကောင်စီအတွက်ကတော့ ဝမ်းသာစရာဖြစ်မှာပေါ့ ဒါကြောင့် အာရက္ခတပ်တော် AA ကိုလည်း သူငယ် ချင်း မိတ်ဆွေအဖြစ်ဖွဲ့ရမယ် အဲလိုမဟုတ်ရင် လောင်တလိုင်ထိကိုလာပြီး အနှောက်အယှက်ပေးနိုင်တယ်”

Комментарии

Информация по комментариям в разработке