၄၀။ "ပန်းထဘီ" စာရေးသူ - ပီမိုးနင်း (ဝတ္ထုတို - ၁၀၀)

Описание к видео ၄၀။ "ပန်းထဘီ" စာရေးသူ - ပီမိုးနင်း (ဝတ္ထုတို - ၁၀၀)

၄၀။ "ပန်းထဘီ"
(ဝတ္ထုတို - ၁၀၀)
စာရေးသူ - ပီမိုးနင်း
စာဖတ်သူ - ပန်ဒါလေး
ကြာချိန် - ၄၂ : ၄၄ မိနစ်

စာမြည်း
ချာခနဲ လှည့်၍သွားသော မိန်းမပျို၏မျက်နှာကို မြင်ရလေ၏။ မိမိ၏ မျက်နှာမှာမူ ရယ်ချင်သောစိတ်ကိုချုပ်တီးသည့်အသွင်မျိုးနှင့် လက်၌ကိုင်ထားသော နယူးဘားမားသတင်းစာရွက်များကို လှန်လှောကာ နေလေ၏။ ထိုအခိုက်တွင် ဘတ်စကားရပ်၍ မိန်းမသုံးယောက် တက်၍လာကြလေရာ ၄င်းတို့အနက်တစ်ယောက်က ယောက်ျားပျိုကို မြင်လျှင်မြင်ချင်း
" ဟင် ကိုဘအေးပါကလား ဘယ်လဲ” ဟု ပြောကာ ၄င်း၏တန်းလျားပေါ်တွင်ထိုင်နေ၏။ “ကြည့်မြင်တိုင်ကိုပဲ မသန့်တို့ကော ဘယ်ကိုလဲ”
“ကျွန်မတို့လည်း ကြည့်မြင်တိုင်ကိုပါပဲ။ အော် ရှင် ဟိုကလပ်မှာ တရားဟောမလို့ သတင်းစာထဲမှာ တွေ့ရပါလား”
“ဟုတ်ကဲ့။ တရားနာလာကြပါဦးလား”ဟု ပြောကာ ယောက်ျားပျိုသည်မျက်နှာကိုမော့လိုက်သောအခါ မိမိကို ကြည့်ရာမှ မဂ္ဂဇင်းစာမျက်နှာပေါ်သို့ မျက်လွှာကိုချလိုက်သော မိန်းမပျို၏မျက်နှာကိုမြင်ရပြန်၏။
ထိုတစ်ကြိမ် မြင်ရခြင်း၌ကား နှုတ်ခမ်းစူခြင်း၊ မျက်စောင်းထိုးခြင်းကို မတွေ့မရှိရချေ။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက Messenger Link မှတဆင့် (သို့မဟုတ်) Viber Link မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 LH Messenger Link - http://m.me/listenersheaven (Or)
🔰 LH Viber Link - https://invite.viber.com/?g2=AQBCxP95...
🔰 LH Website Link - www.lhaudiobook.com
🔰 LH tiktok Link - https://www.tiktok.com/@listheners.he...

Комментарии

Информация по комментариям в разработке