ပိုင်ရှင်မဲ့ အလောင်းထောင်ချီကို သဂြိုဟ်ပေးခဲ့သူအမျိုးသမီး - BBC News မြန်မာ

Описание к видео ပိုင်ရှင်မဲ့ အလောင်းထောင်ချီကို သဂြိုဟ်ပေးခဲ့သူအမျိုးသမီး - BBC News မြန်မာ

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်က ဆေးရုံတွေနဲ့ ရေခဲတိုက်တွေမှာ နေ့စဥ်လို ပိုင်ရှင်မဲ့အလောင်းတွေ အများကြီး ရှိနေပါတယ်။ ပိုင်ရှင်မဲ့ဖြစ်သလို တချို့ဆို ဘယ်သူဘယ်ဝါမှန်းတောင်မသိရလို့ ဘာသာရေးအရ ထုံးတမ်းစဥ်လာလေးတွေ လုပ်ပေးမယ့်သူလည်း မရှိပါဘူး။ အဲဒီလိုလူတွေရဲ့ နောက်ဆုံးခရီးမှာ ဂုဏ်သိက္ခာရှိရှိလေးဖြစ်သွားအောင် လိုနေတဲ့ ကွက်လပ်ကို ဖြည့်ပေးသူကတော့ ပူဂျာရှားမားဆိုတဲ့ အမျိုးသမီးပါ။ ဟိန္ဒူဓလေ့ထုံးစံမှာ သေသူရဲ့စျာပနကို အမျိုးသားတွေကပဲ လုပ်ဆောင်ပေးရတာမို့ ပူဂျာလုပ်နေတာကို ကန့်ကွက်သူတွေလည်း ရှိပါတယ်။ အဲဒီကြားမှာပဲ ပူဂျာက ပိုင်ရှင်မဲ့ စွန့်ပစ်ခံရုပ်အလောင်း ၅၀၀၀ ကျော်ကို ကူညီ သဂြိုဟ်ပေးခဲ့ပြီးပါပြီ။
#ဘီဘီစီမြန်မာပိုင်း #ဘီဘီစီ အမျိုးသမီး၁၀၀ #အိန္ဒိယ #အမျိုးသမီး #ဟိန္ဒူ

Комментарии

Информация по комментариям в разработке