ဒီဘုရင်က သူ့မိန်းမကို ချစ်လွန်းလို့ ဒေါ်လာ (၁) ဘီလျံတန် သင်္ချိုင်းဂူကို ​ဆောက်ပေးခဲ့တယ်

Описание к видео ဒီဘုရင်က သူ့မိန်းမကို ချစ်လွန်းလို့ ဒေါ်လာ (၁) ဘီလျံတန် သင်္ချိုင်းဂူကို ​ဆောက်ပေးခဲ့တယ်

ကမ္ဘာ့အံ့ဖွယ် (၇) ပါးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဒီ Taj Mahal (တာ့ဂျ် မဟာရ်) ထဲမှာ အချစ်ကြီးလှတဲ့ လူသားနှစ်ဦး ဘေးချင်းယှဥ်ပြီး ထာဝရ လဲလျောင်းနေကြပါတယ်။

မဂိုဧကရာဇ် ဘုရင်တစ်ပါးက သူ့ရဲ့ သားတော်တစ်ဦးကို မွေးဖွားပေးရင်း မီးတွင်းထဲမှာပဲ အသက်ဆုံးပါးသွားတဲ့ သူ့ရဲ့ အချစ်ဆုံး မိဖုရားအတွက် ရည်စူးပြီး Taj Mahal ဂူသင်္ချိုင်းကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာ နှစ်ပေါင်း (၄၀၀) ခန့် သက်တမ်း ရှိနေပြီဖြစ်တဲ့ Taj Mahal ကို တည်ဆောက်ခဲ့ချိန်တုန်းက အလုပ်သမား စုစုပေါင်း အယောက် နှစ်သောင်းရဲ့ ခွန်အားကို အသုံးပြုခဲ့ရတာပါ။

ဒါတင်မကသေးဘဲ ဆောက်လုပ်ချိန်မှာ ပစ္စည်းကိရိယာတွေကို သယ်ယူဖို့ကို ဆင်အကောင်ရေ (၁,၀၀၀) ကိုလည်း အသုံးပြုခဲ့ရသေးတယ်လို့လည်း ဆိုပါတယ်။

ဗိသုကာပညာ ထည်ဝါလှတဲ့ Taj Mahal ကို အလုံးစုံ တည်ဆောက်ပြီးစီးအတွက်ကတော့ နှစ်ပေါင်း (၂၀) တောင်မှ ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

Taj Mahal ကို တည်ဆောက်ဖို့ ကုန်ကျစရိတ်က ဒီဘက်ခေတ် ငွေနဲ့ဆိုရင် အမေရိကန်ဒေါ်လာ (၁) ဘီလျံအထိတောင်မှ အသုံးပြုခဲ့ရတာပါ။

မဂိုဗိသုကာ ပညာဘယ်လောက်ထိ အဆင့်မြင့် ထိပ်တန်းကျခဲ့သလဲဆိုတာကို ဖော်ပြနေတဲ့အတွက်ကြောင့် ၁၉၈၃ ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ဒီလိုမျိုး ကမ္ဘာတစ်ဝန်းကဗဟုသုတတွေကို ကြည့်ရဖို့အတွက် BUZZ MEDIA ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်

Buzz Media ကို Facebook မှာ အားပေးလိုရင်တော့

Buzz Media Facebook Channels -

https://www.facebook.com/buzzmediavid...

#buzzmedia

Комментарии

Информация по комментариям в разработке