စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ KIA ကို တရုတ်တိုက်တွန်းပြန်

Описание к видео စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ KIA ကို တရုတ်တိုက်တွန်းပြန်

စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ KIA ကို တရုတ်တိုက်တွန်းပြန်
..............
စစ်ကောင်စီနဲ့ တိုက်နေတဲ့ စစ်ပွဲတွေ အဆုံးသတ်ပေးဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ထိပ်ပိုင်းခေါင်းဆောင်တွေကို တရုတ်အစိုးရကိုယ်စားလှယ်တွေက ထပ်မံတိုက်တွန်းလိုက်တယ်လို့ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က Myanmar Now ကို ပြောပါတယ်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ဗဟိုအဖွဲ့ဝင် ဝူကန် (Wu Ken) ဦးဆောင်တဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်တွေဟာ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့ KIO/KIA ခေါင်းဆောင်တွေနဲ့ ဒီဇင်ဘာ ဒုတိယပတ်အတွင်း တရုတ်နိုင်ငံ ကူမင်းမြို့က သီးသန့်ဆွေးနွေးပွဲအတွင်း အခုလို တောင်းဆိုခဲ့တာလို့ သိရပါတယ်။

တရုတ်ဘက်က ဒီလိုတိုက်တွန်းမှုတွေ ရှိပေမယ့်လည်း စစ်ရေးအရ အရေးပါတဲ့ ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ ဗန််းမော်က စစ်ကောင်စီအခြေစိုက်စခန်းတွေကို KIA က ဆက်လက်ထိုးစစ်ဆင်နေပါတယ်။

KIA ဟာ နိုင်ငံရေး၊စီးပွားရေးနဲ့ မူဝါဒ ခိုင်မာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အတွက် တရုတ်ဖိအားပေးမှုဟာ မလွယ်ကူနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်

သတင်း၊ တင်ဆက် - မောင်ရွှေဝါ၊ မြတ်ကြီး

Комментарии

Информация по комментариям в разработке