နတ်ကနားပွဲ - ကြယ်နီ

Описание к видео နတ်ကနားပွဲ - ကြယ်နီ

ကြယ်နီ ဝတ္ထု တို​ပေါင်းချုပ်


ဆရာကြီး ကြယ်နီ
နတ်ကနားပွဲ
စာဖတ်သူ - နန်းသိင်္ဂီ
ကြာချိန် - ၄၆ မိနစ်


စာမြည်း
လက်ချ ချစ်ခင်ပေါင်းသင်းရမယ် အစရှိသဖြင့် ပြောလိုက်တာနဲ့ တစ်ပြိုင်နက်
လူငမိုက်တွေက ပစ်ယုံလိုက်ပြီး နတ်ကနားကို သစ်ဝါးအသင့် စင်နိမ့်မြင့်နဲ့
ဆောက်လုပ်၊ လိုသင့်လိုရာ ငွေသပြာများကို များစွာထုပ်ပိုးကာ လက်ဆယ်စုံ
ထိပ်မှာမိုးပြီး တိုး၍ ချစ်ကြပါစေလို့ ဆုများတောင်းပန်လိုက်ကြသေးတယ်
မဟုတ်လား။ အဲဒါ အပါယ်သွားမယ့် တစ်လမ်းသွား အလုပ်တွေဗျ”
ဦးပဉ္စင်းသည် အတော်ကလေး ဟောပြောလိုက်ရ၍ အာခြောက်သွား
ဟန်ဖြင့် ကိုဒေါင်းစိန်ထံမှ ရေတစ်ခွက် တောင်းသောက်ပြီးနောက် သူ့စကားကို
ဆက်ပြန်၏။
“အဲဒီနတ်တွေနဲ့ ပတ်သက်ပြီး အရှင်မဟာသီလဝံသနဲ့ တစ်ခေတ်တည်း
ပေါ်တဲ့ အင်းဝ ခေတ်စာဆို အရှင်မဟာရဋ္ဌသာရရဲ့ အာဘော်ကို သိချင်သေးသပ
ဆိုရင်လည်း ၈၅၆ ခုနှစ်မှာ ရေးစပ်တဲ့ ဘူရိဒတ် ဇာတ်ပေါင်းပျို့ထဲက
ကောက်နုတ်ပြီး ရွတ်ဆိုပြရသေးတာပေါ့။ အဲဒီ ဇာတ်ပေါင်းပျို့၊ "လူတို့လုံ့လ”
အစချီတဲ့ အပိုဒ်မှာ "တချို့ သသူ၊ အမိုက်လူကား၊ အယူမှားချွတ်၊ မီးကိုနတ်ဟု၊
အမှတ်တရ၊ ငိုညွတ်ခ၏”တဲ့။ တချို့ လူမိုက်တွေကတော့ အယူလွဲမှားပြီး
မီးကိုနတ်ဟု၊ အမှတ်တရ၊ ရိုသေကိုင်းညွတ် ခယပူဖော်ကြတယ်တဲ့။
“တောစတောင်ခြေ၊ နေသည်တစ်စု၊ မိလက္ခုကား၊ အမ္ဗုအာပေါ်၊ မယောတောယ၊
ကံဒကနှင့်၊ ဝါလဝါ၊ အစရှိသား၊ အဘိဓာန၊ နာမအများ၊ ဝေါဟာပြားသည်။
ရေအားဒေဝ၊ မှတ်ကုန်ကြ၏” တဲ့။"
----- တောင်ခြေမှာနေတဲ့ မိလက္ (မိလဆိုတာ
တောင်သူပေါ့ဗျာ) အဲဒီ တောင်သူ တစ်စု ကတော့ အမ္မုတဲ့၊ အာပေါတဲ့၊
ပယောတဲ့၊ ဘောယတဲ့၊ ကံတဲ့၊ ဒကတဲ့၊ ဝါလတဲ့၊ ဝါရှိတဲ့
အဘိဓာန်ထဲက ရေဟောပရိယာယ် ၁၅ ပုဒ်ထဲက ရေကိုပဲ နတ်ရယ်လို့
အစရှိတဲ့
မှတ်ယူထားကြတယ်တဲ့။”
ထိုမှတစ်ပါး၊
နတ်ဝင်များမှု၊
ထင်ရှားသသူ၊
သေသောဟူက၊ အယူမလွဲ၊ နတ်ဖြစ်မြဲဟု၊ ဝမ်းထဲ ပြတ်ပြတ်၊ မှတ်သိရကား၊




[ယခု စာအုပ်များကို .mp3 နဲ့ လိုချင်ရင်၊ အဖွဲဝင်ပြီး ရယူနိုင်ပါတယ်။
စာအုပ် ကို ငှားချင်လျင် အခု link မှတဆင့် (သို့မဟုတ် ) facebook messenger မှတဆင့် စာပို့ထားပေးပါ။]




✅ link
http://m.me/listenersheaven
(သို့) viberlink
https://invite.viber.com/?g2=AQBCxP95...

Комментарии

Информация по комментариям в разработке