ယူကရိန်း ထဲက ပိတ်မိနေတဲ့ အရပ်သားတွေကို စတင် ကယ်ထုတ် - BBC NEWS မြန်မာ

Описание к видео ယူကရိန်း ထဲက ပိတ်မိနေတဲ့ အရပ်သားတွေကို စတင် ကယ်ထုတ် - BBC NEWS မြန်မာ

မတ်လ ၈ ရက်၊ ဘီဘီစီ မြန်မာ တီဗီ အစီအစဉ်


ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော် တိုက်ခိုက်မှု ၁၃ရက်မြောက်တဲ့ ဒီကနေ့မှာတော့ တိုက်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်ဖို့ နှစ်ဘက်စလုံးက သဘောတူခဲ့ကြပါတယ်။ အခုဆိုရင် ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ရဲ့ အရှေ့မြောက် ကီလိုမီတာ ၃၅၀ လောက် အကွာမှာ ရှိတဲ့ ဆူမီမြို့မှာ ပိတ်မိနေသူတွေကို အရင်ဆုံးကယ်ထုတ်ပေး။

ယူကရိန်းရဲ့ ဟာကိဗ် မြို့အစပ်အနားက တိုက်ပွဲတွေအတွင်းမှာ ရုရှား စစ်တပ်က ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တစ်ယောက် သေဆုံးသွားခဲ့ပြီလို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာန ဘက်က ပြော။

ရုရှားယူကရိန်း စစ်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၂ပတ်အတွင်း ၂ သန်းကျော် ရှိသွားပြီလို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်။

အနောက်နိုင်ငံတွေက ရုရှားရဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ရောင်းချမှုတွေကို ပိတ်ဆို့အရေးယူမှုတွေချမှတ်မယ် ဆိုရင် ရုရှားက ဂျာမနီကို သွယ်တန်းထားတဲ့ အဓိက ဂတ်စ်ပိုက်လိုင်းကို ပိတ်မယ်လို့ သတိပေး။

ဗြိတိန်က စွမ်းအင် ကုမ္ပဏီကြီး ရှဲလ်ဟာ ရုရှားဆီက ရေနံ ဝယ်ယူမှုတွေကို ရပ်တန့်တော့မယ်လို့ ထုတ်ပြန်ကြေညာ။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေထဲက လူ အနည်းဆုံး ၆ ဦးသေဆုံးခဲ့ရ။

စစ်တပ်က အာဏာသိမ်းထားတာ တနှစ်ကျော်လာချိန်မှာတော့ ပြည်တွင်းလောင်စာဆီစျေးနှုန်းတွေဟာ ၁လီတာကို မြန်မာငွေကျပ် (၂၀၀၀)ကျော်အထိမြင့်တက်လာခဲ့ပါတယ်။ ဒီလိုစျေးနှုန်းမြင့်တက်မှုရဲ့ နောက်ဆက်တွဲ အနေနဲ့ စီးပွားရေးထိခိုက်မှုတွေရှိလာသလို၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကြောင့် ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ပိုရင်ဆိုင်လာရတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ရုရှား #ယူကရိန်း #စစ်ကိုင်း #စွမ်းအင် #လောင်စာဆီ #စျေနှုန်း

Комментарии

Информация по комментариям в разработке