ကိုယ်တိုင် ဆော့စ်စပ်ပြီး ကိုရီးယား ခေါက်ဆွဲအစပ် လုပ်စားမယ်

Описание к видео ကိုယ်တိုင် ဆော့စ်စပ်ပြီး ကိုရီးယား ခေါက်ဆွဲအစပ် လုပ်စားမယ်

ကိုယ်တိုင် ‌အိမ်မှာ ဆော့စ်စပ်ပြီးကိုရီးယားခေါက်ဆွဲအစပ်လုပ်စားလို့ရပါတယ်.

ခေါက်ဆွဲကိုတော့ စူပါမားကတ်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ အရသာမှုန့်မပါတဲ့ ခေါက်ဆွဲခြောက်တွေကိုပဲ သုံးပါမယ်။
ခေါက်ဆွဲအတွက် ဆော့စ်ဖျော်ရန်အတွက် ပန်းကန်လုံး ၁ လုံးထဲမှာ
သကြား ဇွန်းဝက်
ငရုတ်သီးမှုန့် ဇွန်းတဝက်
ပဲငံပြာရည်အကြည် -၁ ဇွန်း (စားပွဲတင်ဇွန်း)
နှမ်းဆီမွှေး -၁ ဇွန်း (စားပွဲတင်ဇွန်း)
Korean Gochujang ကိုရီးယား‌ပဲငရုတ်နှစ် - ၁ ဇွန်း
ရေ - ၂ ဇွန်း (စားပွဲတင်ဇွန်း)
သေချာမွှေပြီးရင် ခေါက်ဆွဲနဲ့စားဖို့ ဆော့စ်ရပြီဖြစ်ပါတယ်.
ခေါက်ဆွဲတွေကို ပထမဆုံး ပြုတ်ထားပေးပါ. ခေါက်ဆွဲပြုတ်တဲ့အခါ နူးအိအထိ မပြုတ်ဘဲ မပျော့မမာလေး‌ဆိုရပြီဖြစ်ပါတယ်.
ဒယ်အိုးထဲမှာ ဆီလေးအနည်းငယ်ထည့်ပြီး နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ ကို မွှေးတဲ့အထိ ဆီသတ်ပေးပါ. မိမိစိတ်ကြိုက် ကြက်အူချောင်း သို့ ဝက်အူချောင်းထည့်ပေးပါ. အသားတွေကျက်ပြီဆိုမှ ပြုတ်ထားတဲ့ ခေါက်ဆွဲထည့်ပါ. ဖျော်ထားတဲ့ ဆော့စ်တွေထည့်ပါ. မွှေပေးပါ. အရသာချိုချိုလေးကြိုက်ရင် နောက်ဆုံးမှာ ပျားရည်လေးထည့်ပေးပါ.
ဒါဆိုရင် ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ ကိုရီး‌ယားခေါက်ဆွဲအစပ်လေးရပြီဖြစ်ပါတယ်.
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။

Комментарии

Информация по комментариям в разработке