ဝေဟင်နှင့်မြေပြင်မှ စစ်ကြောင်းထိုးကာ မီးရှို့နေသောစစ်တပ်အား ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်

Описание к видео ဝေဟင်နှင့်မြေပြင်မှ စစ်ကြောင်းထိုးကာ မီးရှို့နေသောစစ်တပ်အား ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်

ဝေဟင်နှင့်မြေပြင်မှ စစ်ကြောင်းထိုးကာ မီးရှို့နေသောစစ်တပ်အား ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်

===================

ဂျူနို

( မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ အရာတော်နယ်တွင် ဝေဟင်နှင့်မြေပြင်မှ စစ်ကြောင်းထိုးလာပြီး ကျေးရွာများကိုမီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်အား ဒေသတွင်း ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်က အရာတော်မြို့နယ်၌ စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေ ၃ နာရီ မိနစ်၂၀အထိ အရာတော်ဒေသအတွင်းသို့ ရဟတ်ယာဉ်ဖြင့် တပ်ကူ လေးကြိမ်အထိ ပို့ဆောင်ခဲ့ကြောင်း အရာတော်ပကဖအဖွဲ့က ထုတ်ပြန်ခဲ့သည်။

“ဟုတ်ပါတယ်။ စစ်ခွေး( စစ်ကောင်စီတပ်သား)တွေ ခြေလျင်စစ်ကြောင်းထိုးပြီးတော့ လေယာဉ်ကနေ အင်အားတိုးပါတယ်။ လူချတာသုံးစီး၊ ပစ်တာ တစ်စီးပါ။”ဟု တိုက်နယ်စွန် PDF အဖွဲ့ ပြန်ကြားရေး တာဝန်ခံ စွန်နက်က မဇ္ဈိမကိုပြောသည်။

ယင်းနေ့တွင် အရာတော်မြို့နယ် မင်းရွာကြီးဘက်၌ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေ၍ မဟာမိတ်အဖွဲ့များ၏ တပ်ကူခေါ်မှုကြောင့် တိုက်နယ်စွန် PDF အဖွဲ့မှ စစ်ကူသွားရောက်၍ နောက်တန်းမှ ကာစစ်အတွက် ကင်းစောင့်ပြီး စစ်ဘေးရှောင်ပြည်သူ ၇၀၀ ခန့်ကို ကူညီကာကွယ်စောင့်ရှောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အရာတော်နယ်မှတစ်ဆင့် မြင်းမူမြို့နယ်၊ ငကင်းရွာဘက်သို့ အင်အား ၂၀၀ ကျော်လိုက်ပါလာသည့် စစ်​ကြောင်းကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကာကွယ်ရေးတပ်များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းအား ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်၌ တိုက်နယ်စွန် PDF အဖွဲ့ က အလယ်စစ်ကြောင်းမှ တာဝန်ယူပြီး မောင်းပြန်ဘောက်​​ဆွဲပြီး ဖိုတီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီနီးပါးကြာမြင့်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး( စကစတပ်သား)တွေမနေ့က နေ့လယ် ၁၁ နာရီကျော်မှာ ငကင်းရွာကို မီးရှို့တယ်။ နေ့လယ် ၂ နာရီ ၁၇ မိနစ်မှာ ပွဲစကဖို့ ကျမတို့ တိုက်နယ်စွန် PDF အဖွဲ့က ပြင်ဆင်ပြီး မဟာမိတ်​တွေနှင့်အတူ လက်နက်ကြီးတွေနှင့် အပြန်အလှန် ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မွန်းလွဲ ၃ နာရီ ၂၃ မိနစ်မှာ စစ်ခွေး( စကစတပ်သား)တွေ တပ်စွဲပြီး ခြေကုတ်ယူထားတဲ့ ရွာအခြေကို နေရာယူခဲ့နိုင်ခဲ့ပါတယ်။ ညနေ ၄နာရီ ၃၇ မိနစ်မှာ ရွာထဲဝင်နိုင်ခဲ့ပြီး စစ်ခွေးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့တော့တာပဲ။”ဟု တိုက်နယ်စွန် PDF အဖွဲ့ ပြန်ကြားရေး တာဝန်ခံ စွန်နက်က မဇ္ဈိမကိုပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများနိုင်သလို အသေအပျောက်များနိုင်သော်လည်း အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးကြောင်း တိုက်နယ်စွန် PDF အဖွဲ့ ပြန်ကြားရေး တာဝန်ခံ စွန်နက်ကဆိုသည်။

ပြည်သူကာကွယ်ရေးဘက်က ရဲဘော်တစ်ဦးမှာ ကျည်ရှပ်ပါးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

တိုက်ခိုက်မှုကို တိုက်နယ်စွန် PDF အဖွဲ့ ၊ ဘိုသံခဲ အဖွဲ့ တို့နှင့်အတူ zero ပြောက်ကျားတပ်ဖွဲ့ ၊ ဗိုလ်ယက္ခအဖွဲ့ ၊ ရင်း (၈) ခွဲ (၃) အဖွဲ့တို့နှင့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်နယ်စွန် PDF အဖွဲ့ က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ညနေ ၆ နာရီ ၅၅ မိနစ်အချိန်တွင်မင်းရွာကို ထပ်မံ မီးတင်ရှို့နေကြောင်း တိုက်နယ်စွန် PDF အဖွဲ့ ပြန်ကြားရေး တာဝန်ခံ စွန်နက်က ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ယမန်နေ့ ညနေပိုင်းက အရာတော်နယ်ရှိ ကျောက်ပြောက်၊ သခွပ်ပင်၊ နွားမသင်း၊ မင်းရွာ အစရှိသည့် ကျေးရွာ လေးရွာခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မင်းရွာမှာ ရွာလုံးကျွတ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်း PDF များက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ အရာတော်နှင့် မြင်းမူ နယ်မြေအခြေနေမှာ ယခုလက်ရှိအချိန်ထိ ငြိမ်သက်မှု မရှိသေးကြောင်းနှင့် တိုက်ပွဲ ဆက်လက်ဖော်ဆောင်မှုရှိခဲ့လျှင် အသိပေးတင်ပြသွားမည်ဖြစ်ကြောင်း PDF အဖွဲ့ က ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်
#စစ်ကြောင်းထိုး
#အရာတော်နယ်
#ဝေဟင်


-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

Subscribe now and join the Mizzima TV family to get insights into Burma's culture and people. With Mizzima TV, you can stay informed about the latest news and events happening in Myanmar, as well as connect with the world.

   / @mizzimanewstv  
Facebook | Myanmar Language - https://bit.ly/3BuWBSJ
Facebook | English language - https://bit.ly/3d5g1V2
Facebook | Mizzima+TV - https://bit.ly/3eGNjdl
Twitter - https://bit.ly/3Dbvqh1
Telegram - https://bit.ly/3RRn2rk
Tiktok - https://bit.ly/3xngMzE
Get Mizzima TV App Free - https://onelink.to/jnuwak/
Website:
https://www.mizzima.com/
https://www.mizzimaburmese.com/
https://www.mizzima.tv/

Комментарии

Информация по комментариям в разработке