DVB Debate - မြန်မာ့ ဒီမိုကရေစီ ဆက်လက် ရှင်သန် နိုင်မလား?

Описание к видео DVB Debate - မြန်မာ့ ဒီမိုကရေစီ ဆက်လက် ရှင်သန် နိုင်မလား?

“ ငြိမ်းချမ်းရေး မရလို့ရှိရင် စစ်နိုင်ငံရေးက ပိုပြီး အားကောင်းတယ်။ စစ်နိုင်ငံရေး အားကောင်းနေသမျှ ကျနော်တို့ရဲ့ ဒီမိုကရေစီ အကူးအပြောင်းကလည်း တုန့်နှေးနေမှာပဲ ”
ဒေါက်တာတင်မောင်သန်း (မြန်မာ့နိုင်ငံရေးလေ့လာသူ)

“၂၀၀၈ အခြေခံဥပဒေကို ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီတွေကအစ ဘယ်သူမျှ ကြိုက်လွန်းလို့ မဟုတ်ပါဘူး။ အခြေအနေ အရ ရွေးစရာမရှိလို့ ဝင်ခဲ့ရတာ။ အဲ့ဒီ့ ၂၀၀၈ အခြေခံဥပဒေမှာ ပြန်ကြည့်ရင် ပထမအားနည်း ချက်က ငြိမ်းချမ်းရေးရဖို့အတွက် အဟန့်အတားဖြစ်စေတဲ့ ပုဒ်မတွေပါနေတယ်”
စာရေးဆရာ ကျော်ဝင်း

“ ကျနော်တို့တိုင်းပြည်မှာ ပြည်တွင်းစစ်ရပ်ဖို့က လိုတယ်။ အခု ကျနော်တို့လုပ်မယ့် ရွေးကောက်ပွဲဖြစ်စဉ်တောင်မျှ တကယ်ဂုဏ်သိက္ခာရှိဖို့ဆိုရင် ရခိုင်မှာဖြစ်နေတဲ့ စစ်ကို ရပ်ဖို့လိုတယ်။ ချင်းမှာဖြစ်တဲ့ စစ်ကို ရပ်ဖို့လိုတယ် ”
ဦးအောင်မိုးဇော်
(ဥက္ကဋ္ဌ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

“ အခုက ကျနော်တို့ အချင်းချင်းကိုယ်က ညီညွတ်မှုမရှိလို့ ပြည်တွင်းမှာ ရှိတဲ့ လူမှု့စီးပွားရေးပြဿနာတွေ များလာတယ်။ နိုင်ငံတကာဖိအားတွေ များလာတယ်။ အချင်းချင်းအကြားမှာ အမုန်းတရားတွေ များလာတယ်။ အဲ့တော့ ညီအကို အချင်းချင်း သတ်တဲ့ စစ်ပွဲကို ရပ်ပြီးတော့ ငြိမ်းချမ်းရေးကို တည်ဆောက်ရမယ် ”
ဦးဦးလှစော (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ရခိုင်အမျိုးသားပါတီ
#DVBTV #debate #ဒီမိုကရေစီ #ဒီဘိတ်

DVB TV - 27 07 2020

Комментарии

Информация по комментариям в разработке