မက်ဆိုပိုတေးမီးယားဒေသမှာ တည်ရှိတဲ့ရှေးဟောင်းမြို့ပြနိုင်ငံတော်ကြီး "ဘေဘီလုံ"

Описание к видео မက်ဆိုပိုတေးမီးယားဒေသမှာ တည်ရှိတဲ့ရှေးဟောင်းမြို့ပြနိုင်ငံတော်ကြီး "ဘေဘီလုံ"

ကြီးကျယ်ခမ်းနားတဲ့မြို့ပြနိုင်ငံတော်များရဲ့ အစ "ဘေဘီလုံ"
----------------------------------------------------
ဘေဘီလုံမြို့ဆိုတာကတော့ မက်ဆိုပိုတေးမီးယားဒေသမှာရှိတဲ့ ဘေဘီလုံအင်ပါယာကြီးရဲ့မြို့တော်ဖြစ်ပါတယ်။ ဘေဘီလုံမြို့ကြီးကို တစ်ချိန်တုန်းက ကမ္ဘာမှာဩဇာအကြီးဆုံး ဧကရာဇ်တွေက အုပ်ချုပ်ခဲ့ကြပြီးတော့ ကူးသန်းရောင်းဝယ်ရေးနဲ့ အနုပညာများစတင်ထွန်းကားလာခဲ့ရာဗဟိုချက်မြို့တော်ကြီးလည်းဖြစ်ပါတယ်။ ဘေဘီလုံမြို့ကြီးက ယူဖရေးတီးနဲ့ တိုက်ဂရစ်မြစ်နှစ်သွယ်ဒေသမှာတည်ရှိတာကြောင့် သူ့ကိုအစွဲပြုပြီးတော့ မြစ်ဝှမ်းလွင်ပြင်ကို ရှိုင်းနားလွင်ပြင်ကနေ ဘေဘီလိုးနီးယားလွင်ပြင်လို့ ပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်။ ဒါ့အပြင် သမိုင်းမှာထင်ရှားတဲ့ ဟမ်မူရာဘီဘုရင်ကြီးကလည်း ဘေဘီလုံမြို့ကို၁၂နှစ်ကျော်ကြာထီးနန်းစိုးစံခဲ့ပါသေးတယ်။ ဟမ်မူရာဘီ ဘုရင်ကြီးရဲ့လက်ထက်မှာ အုပ်ချုပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ခဲ့တာကြောင့်လည်း ဘေဘီလုံမြို့က ယဉ်ကျေးမှုဆိုင်ရာ မြင့်မားတဲ့မြို့တော်အဖြစ်ရောက်ရှိလာခဲ့ပါတယ်။
ဟမ်မူရာဘီ ဘုရင်ကြီးကွယ်လွန်ပြီးတဲ့နောက်မှာတော့ ကက်ဆိုက်လူမျိုးစုတွေက ဘေဘီလိုးနီးယားလွင်ပြင်ဒေသကိုပြောင်းရွှေ့လာကြသလို နောက်ပိုင်းမင်းဆက်တွေကလည်း ကက်ဆိုက်တို့ကို မတားမြစ်နိုင်ခဲ့ကြပါဘူး။ ဘီစီ၁၇၄၆ခုနှစ်မှာတော့ ကက်ဆိုက်တို့ကပဲ ဘေဘီလုံရဲ့အုပ်ချုပ်သူများဖြစ်လာခဲ့ကြပါတော့တယ်။
ဘေဘီလုံနီးယားနိုင်ငံသားတို့ဖန်တီးခဲ့ကြတဲ့ လက်မှုပစ္စည်းတွေထဲကရှေးအကျဆုံးပစ္စည်းတွေကတော့ ဘီစီ၃၀၀၀လောက်က အိုးခွက်တွေဖြစ်ပြီးတော့ ရွှေငွေတို့နဲ့ အဆင်တန်ဆာတွေလုပ်ကိုင်တာမျိုးလည်းရှိကြပါတယ်။ ယဉ်ကျေးမှုအတိုးတက်ဆုံးလူမျိုးစုထဲကတစ်ခုဖြစ်တဲ့ ဘေဘီလုံမြို့သားတွေအကြောင်းကို သိချင်တယ်ဆိုရင်တော့ ဇာတ်လမ်း Z-Lann က တင်ဆက်လိုက်တဲ့ “စူးစမ်းရှာဖွေကမ္ဘာ့အမွေ” အစီအစဉ်မှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးနော်။
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။

▶️YouTube:    • Видео  

🎧Podcast: https://podcasters.spotify.com/pod/sh...

🫂Facebook Group:   / zlann  

#ZLann #ZLann_Podcast #စူးစမ်းရှာဖွေကမ္ဘာ့အမွေ #babylon

Комментарии

Информация по комментариям в разработке