လုပ်ငန်းပြုတ်လုမတတ် အရှုံးပေါ်နေတဲ့ မုံရွာမြို့က နွားမွေးမြူရေးသမားများ - BBC News မြန်မာ

Описание к видео လုပ်ငန်းပြုတ်လုမတတ် အရှုံးပေါ်နေတဲ့ မုံရွာမြို့က နွားမွေးမြူရေးသမားများ - BBC News မြန်မာ

မုံရွာမြို့၊ စက်မှုဇုန်မှာရှိတဲ့ နွားမွေးမြူရေးဇုန်နဲ့ အနီးတဝိုက်မှာ နို့စားနွားမွေးမြူသူ ၁၀၀ ဝန်းကျင်နဲ့ နွားကောင်ရေ ၂၀၀၀ ခန့်ရှိပါတယ်။ ဒီနွားဇုန်ကထွက်တဲ့ နွားနို့တွေကိုတော့ မုံရွာမြို့မှာရှိတဲ့ တစ်ခုတည်းသော နို့ချက်စက်ရုံကို အမှီပြုရောင်းချနေကြရသလို၊ ကြာဆံစက်ရုံတွေက ထွက်ရှိတဲ့ စွန့်ပစ် ပဲရည်၊ ပဲဖတ်တွေကို နွားစာအဖြစ်အဓိကအသုံးပြုနေကြတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကိုဗစ်ကာလ အသွားအလာ ကန့်သတ်မှုတွေကြောင့် နို့ချက်စက်ရုံမှာ ပုံမှန်နို့မပို့ရတော့ဘဲ၊ ၂ ရက်ခြားတစ်ကြိမ်ခန့် စက်ရုံပိတ်နေတဲ့အတွက် နွားမွေးမြူရေးသမားတွေ အခက်တွေ့နေရပါတယ်။
ဒါ့အပြင် နွားစာအဓိက အားထားနေရတဲ့ ကြာဆံစက်ရုံတွေမှာလည်း အရင်လို ပဲရည်၊ ပဲဖတ် မရရှိတော့တာကြောင့် အစာဖိုးတွေ ၂ ဆ ကုန်ကျလာပြီး အရှုံးများစွာနဲ့ ရင်ဆိုင်နေကြရတယ်လို့ နွားမွေးမြူရေးသမားတွေက ပြောပါတယ်။ အပြည့်အစုံကို ရုပ်သံမှာ ဆက်လက်ကြည့်နိုင်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

Комментарии

Информация по комментариям в разработке