မွေထိုင်းပွဲမှာ ထိုင်းနိုင်ငံသားကို အလဲထိုး အနိုင်ရတဲ့ ချင်းလူငယ်ဖိုက်တာဆလိုင်းဂျွန်မွှတ်

Описание к видео မွေထိုင်းပွဲမှာ ထိုင်းနိုင်ငံသားကို အလဲထိုး အနိုင်ရတဲ့ ချင်းလူငယ်ဖိုက်တာဆလိုင်းဂျွန်မွှတ်

နို၀င်ဘာလ ၁၈ ရက်။

ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak) ဟာ နိုဝင်ဘာလ ၁၈ ရက် ထိုင်းစံတော်ချိန် ည ၉ နာရီ ဝန်းကျင်မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Loikroh Boxing Stadium မှာ မွေထိုင်းပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးအနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ်ဟာ ထိုင်းနိုင်ငံမှာ MMA ၂ ပွဲ၊ မွေထိုင်း ၃ ပွဲ စုစုပေါင်း ၅ ပွဲထိုးသတ်ထားပြီး ၅ ပွဲစလုံး အနိုင်ရရှိထားတဲ့ အားကစားသမားလည်း ဖြစ်ပါတယ်။

ချင်းဖိုက်တာ ဆလိုင်းဂျွန်မွှတ်ဟာ MMA ပွဲထိုးခွင့်ရဖို့ ထိုင်းနိုင်ငံမှာ နည်းနည်းအခက်အခဲရှိတာကြောင့် မွေထိုင်းပွဲကိုအတွေ့အကြုံလိုချင်တာကြောင့် ထိုးတာဖြစ်တယ်လို့သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ်ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဇာတိတစ်ဦးဖြစ်ပြီးသိုင်းပေါင်းစုံအားကစား(MMA)လောကမှာ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာဖို့၊MMA ပြိုင်ပွဲမှာ ကမ္ဘာကျော်တဲ့အထိ အောင်မြင်ဖို့ ဆန္ဒပြင်းပြကာ ထိုင်းနိုင်ငံမှာနေထိုင်ရင်း ကြိုးစားနေတဲ့ ချင်းလူငယ်တစ်ဦးလည်းဖြစ်ပါတယ်။

Комментарии

Информация по комментариям в разработке