ယူကရိန်းစစ်ပွဲကြောင့် ရုရှားဘောလုံးလောက ဘယ်လောက်ထိခိုက်ခဲ့သလဲ

Описание к видео ယူကရိန်းစစ်ပွဲကြောင့် ရုရှားဘောလုံးလောက ဘယ်လောက်ထိခိုက်ခဲ့သလဲ

#football
#ukraine
#russia

ရုရှားနိုင်ငံဟာ ကမ္ဘာ့ဖလားလို ကြီးကျယ်ခမ်းနားတဲ့ ဘောလုံး ပြိုင်ပွဲကြီး တစ်ခုကို အိမ်ရှင်အနေနဲ့ လက်ခံ ကျင်းပခဲ့တာဟာ ၅ နှစ်‌တောင် မကြာသေးပါဘူး။

အဲဒီပြိုင်ပွဲကို တစ်ကမ္ဘာလုံးက ပရိသတ် သန်းပေါင်းများစွာ လာရောက် အားပေး ခဲ့သလို ရုရှား လက်ရွေးစင် အသင်း ဟာလည်း ကွာတားဖိုင်နယ် အဆင့်အထိ တက်နိုင်ခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာလည်း ဖွင့်ပွဲ အခမ်းအနားမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ပုခုံးချင်းယှဥ်ပြီး သူတို့ နိုင်ငံရဲ့ ခမ်းနားမှုတွေကို ဂုဏ်ယူစွာ ပြသခွင့် ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလည်း ရုရှားနိုင်ငံမှာ ကျင်းပဖို့ လျာထားခဲ့ပြီး ၂၀၂၈ ဥရောပဖလား ပြိုင်ပွဲ ကိုတောင် အိမ်ရှင် အဖြစ် ထပ်မံကျင်းပဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

ရုရှား ဘောလုံးလောကဟာ ဒီလို အလားအလာကောင်းတွေနဲ့ အညွန့် တလူလူ ဖြစ်နေတဲ့ အချိန် ယူကရိန်း စစ်ပွဲကြောင့် အခြေအနေတွေဟာ တစ်နှစ်အတွင်း ရုတ်တရက် ပြောင်းလဲကုန်ပါတယ်။

#soccer88

Music from #Uppbeat (free for Creators!):
https://uppbeat.io/t/tatami/russian-r... code: SKEX9H6SQNMAWG8X

Комментарии

Информация по комментариям в разработке