ဂျပန်နိုင်ငံက တရုတ်တန်းမှာ ဘယ်လိုအစားအစာတွေရှိမလဲ?_ChinaTownAtKobe_Vol.28

Описание к видео ဂျပန်နိုင်ငံက တရုတ်တန်းမှာ ဘယ်လိုအစားအစာတွေရှိမလဲ?_ChinaTownAtKobe_Vol.28

အားလုံးပဲမင်္ဂလာပါNaNaVlog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်။
🤗ဒီနေ့မှာတော့ NaNaက
China town လို့​ခေါ်တဲ့ ဂျပန်မှာရှိတဲ့တရုတ်တန်းနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင့် 🇨🇳
ဂျပန်နိုင်ငံမှာChina town ရှိတဲ့နေရာက (၂)နေရာရှိပါတယ်။
တခုက Kobe(神戸)မှာရှိပီး နောက်တခုကတော့ Yokohama (横浜) ဘက်မှာရှိတာပဲဖြစ်ပါတယ်။
NaNa အ​နေနဲ့ ဂျပန်မှာရှိတဲ့ တရုတ်တန်းဖက်ကို ဒါပထမဆုံးရောက်ဖူးတာပဲဖြစ်ပါတယ်။
ဒီကိုရောက်တော့ အစားစားတွေကလဲအများကြီးနဲ့ ရောင်းတဲ့ပုံစံကလဲ မြန်မာမှာရောင်းတာနဲ့ပုံစံတူလေးမို့ NaNaတို့မြန်မာနိုင်ငံကိုတောင်သတိရမိခဲ့ပါတယ်။
ဆိုင်အပြင်အဆင်တွေကလဲ ဘယ်ကိုကြည့်ကြည့်အနီရောင်တွေနဲ့ ပြင်ထားပီး ပုံမှန်မြင်နေကြ ဂျပန်ပုံစံတွေနဲ့ တော့ကွဲပြား​နေတာကို​တွေ့မြင်ခဲ့ရပါတယ်။
နောက်ပီး အစားအသောက်တွေလဲ အများကြီးနဲ့ဘယ်ဟာကို ဝယ်စားလို့စားရမှန်းမသိအောင်ကို တော်တော်ကိုများပါ​တယ်။
NaNaသွားတာ ရုံးပိတ်ရက်မလို့လားမသိဘူး လူတွေလဲ တအားများပီး အဲ့နေ့က မိုးလေးကလဲတချက်ချက်ကျနဲ့ အဆင်တွေကိုပြေနေတာပဲ။
xiao long bao (ရှောင်လောင်းပေါင်)လို့ခေါ်တဲ့ မုန့်ဖက်လုံးလိုမျိုးရယ် နောက်ပီး ကြာဇံကြော်ရယ်
အပြင်ကမုန့်ဖက်ထုပ်လိုမျိုးနဲ့ပတ်ထားပီး ထမင်းနဲ့အသားထည့်ထားတဲ့ ဟာလေးလဲတော်တော်စားလို့ကောင်းခဲ့ပါတယ်။
NaNaက တရုတ်အစားအ​သောက်နာမည်တွေသေချာမသိတော့ သိတဲ့သူရှိရင်လဲ comment မှာမန့်ခဲ့ကြပါအုံးနော်😍
ဆိုဘေတာ့ကား ကိုဘေးမြို့နားက တရုတန်းကဘယ်လိုပုံစံလေးရှိလဲ ဘယ်လိုအစားအစာ​တွေရှိလဲဆိုတာကတော့ NaNaရဲ့ Vlogလေးထဲမှာ ဝင်ကြည့်ပေးကြပါ 😍
အမြဲတမ်း အားအေပးကြည့်ရှုအေပးကြတဲ့ အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်❤️
NaNaရဲ့ Videoလေးကိုသဘောကျတယ်ဆိုရင် NaNaVlog ချန်နယ်​လေးကို Subscribe လုပ်ပေးကြဖို့ မ​မေ့ကြနဲ့အုံး​နော်
အားလုံးပဲ စိတ်အပန်း​ပြေကြပါ​စေ
နောက်vlogမှာပြန်ဆုံပါမယ်ရှင့်🥰🥰🥰

Комментарии

Информация по комментариям в разработке