စစ်ကောင်စီဘက် ရပ်တည်သမျှ ကျဆုံးမှာပဲ (ရုပ်/သံ)

Описание к видео စစ်ကောင်စီဘက် ရပ်တည်သမျှ ကျဆုံးမှာပဲ (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၄

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ ပြတ်ပြတ်သားသား ရပ်တည်တယ်လို့ နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြည်တွင်းတည်ငြိမ် အေးချမ်းရေးအတွက် လုပ်ဆောင်ချက်တွေကို တရုတ်နိုင်ငံဘက်က အစဉ်အမြဲထောက်ခံအားပေးနေကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအတည်ပြုတယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စစ်အာဏာရှင်ဘက်ကို ရပ်တည်မယ် ဆိုရင် တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ရပ်တည်ချက်ဟာ ကျဆုံးမှာဖြစ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဋ္ဌ ဦးအောင်မိုးဇော် က ပြောပါတယ်။

တရုတ်ဟာ မြန်မာပြည်သူ ၆၀၀၀ နီးပါးကို သတ်ဖြတ်ထားပြီး လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီဘက်က ရပ်တည်နေသလို စစ်တပ်ကို ခုခံတွန်းလှန်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ ဖိအားပေး ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ်နိုင်ငံ #စစ်ခေါင်းဆောင် #နယ်မြေပိုင်ဆိုင်မှု #မြန်မာနိုင်ငံ #ပြည်တွင်းငြိမ်းချမ်းရေး
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Комментарии

Информация по комментариям в разработке