သတင်းတပုဒ်ရဲ့ကျေးဇူးကြောင့် အိမ်ပိုင် မြေပိုင်ရရှိသွားတဲ့ မိသားစု

Описание к видео သတင်းတပုဒ်ရဲ့ကျေးဇူးကြောင့် အိမ်ပိုင် မြေပိုင်ရရှိသွားတဲ့ မိသားစု

သတင်းတပုဒ်ရဲ့ကျေးဇူးကြောင့် အိုးပိုင် အိမ်ပိုင်ဖြစ်သွားတဲ့ မိသားစုလေးအကြောင်း ဝမ်းသာပီတိဖြစ်စရာ ဇာတ်လမ်းလေးတပုဒ် တင်ပြချင်ပါတယ်။


ညောင်တုန်းမြို့နယ် ကြိမ်ချောင်ကျေးရွာမှာနေထိုင်တဲ့ ကိုစောတင်ထွန်းနဲ့ မသန္တာစိုးတို့ုရဲ့ အံသြဖွယ်ရာ အချစ်ဇာတ်လမ်းနဲ့ ရိုးရှင်းတဲ့အိမ်ထောင်ဘဝအကြောင်း သတင်းကိုကြည့်ရှုပြီးတဲ့နောက် ကူညီစောင်မလိုတဲ့ စေတနာရှင်တွေ အများအပြား ပေါ်ထွန်းလာခဲ့ပါတယ်။


ဒါကတော့ အရပ် ၃ ပေလောက်သာရှိတဲ့ ဇနီးနဲ့ အရပ် ၅ ပေ ၈ လက်မ ထောင်ထောင်မောင်းမောင်း ခင်ပွန်းသည်တို့ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ မိဘတွေရဲ့ တားဆီးပိတ်ပင်မှုတွေရှိခဲ့ပေမယ့် ကိုုစောတင်ထွန်းက ဘဝတသက်တာလုံး သားမှတ်မှတ် မယားမှတ်မှတ် လုပ်ကျွေးပြုစုသွားမယ်ဆိုတဲ့ ကတိကဝတ်နဲ့အတူ လက်ထပ်ခွင့်ရခဲ့ပါတယ်။


တောသူတောင်သားတွေဖြစ်တဲ့အလျောက် မိသားစုဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းရင်း သားသမီး ၂ ယောက်ထွန်းကားခဲ့ပါတယ်။ သူတို့အတွက် တင့်တောင့်တင့်တယ် နေအိမ်လေးတလုံး လိုချင်နေခဲ့တာကြာပြီလို့ ဆိုပါတယ်။


ကျောက်ဆည်မြို့က မငြိမ်းစုစုမာဦးဆောင်တဲ့ အလှူရှင် ၁၅၆ ဦးရဲ့ လှူဒါန်းမှု၊ ရေခြားမြေခြား တိုင်းတပါးက စေတနာရှင်မလေးတဦးရဲ့ လှူဒါန်းမှုတွေကြောင့် ကိုစောတင်ထွန်းနဲ့ မသန္တာစိုးတို့ုမိသားစုဆန္ဒဖြစ်တဲ့ အိမ်နဲ့ခြံကို အပိုင်ဝယ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။


ပေ ၄၀x၆၀ အကျယ်ရှိတဲ့နေအိမ်နဲ့ခြံသာမက လုပ်ကိုင်စားသောက်ဖို့အတွက် သုံးဘီးဆိုင်ကယ် ၁ စီးနဲ့ နောက်ထပ် ဆိုင်ကယ် ၁ စီးကိုလည်း ထပ်မံပေးအပ်နိုင်ခဲ့ပါတယ်။

သူတို့အကြင်လင်မယားဟာ ဖူးစာရေးနတ်ကရွေးချယ်ပေးလိုက်တဲ့အိမ်ထောင်ကို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ ထူထောင်ထားတာကြောင့် လောကပါလနတ်ကပါ ကူညီမစလိုက်တာလို့ ဆိုရမှာဖြစ်ပါတယ်။

ကိုစောတင်ထွန်းနဲ့ မသန္တာစိုးတို့ုအတွက် အကျိုးဖြစ်စေခဲ့တဲ့ မူရင်းသတင်း -   • ဖူးစာရေးနတ်ရဲ့ ပဥ္စလက်ပြကွက်  

Комментарии

Информация по комментариям в разработке