Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Описание к видео Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီက လုပ်မယ့် ရန်နိုင်မင်း စစ်ဆင်ရေးက လားရှိုးမြို့နဲ့ ရမခ တိုင်းစစ်ဌာနချုပ်ကို ပြန်လည်သိမ်းပိုက်ရေးဟာ ဦးစားပေးထိပ်တန်းရည်မှန်းချက်ဖြစ်ပြီး ၊ လေယာဉ်ဆီ၊ လေယာဉ်ပစ်ဒုံး ကျည်နဲ့ ခဲယမ်းတွေကို အိန္ဒိယနဲ့ ဥဘက်ကစ္စတန်နိုင်ငံကနေအဓိက ဝယ်ယူနေတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

နေပြည်တော်က ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ် ၊ တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ တွေ အပါအဝင် နေရာအများအပြားမှာ ရေအမြင့် အနည်းဆုံး ၆ ပေကနေ ၉ ပေအထိ မြင့်တက်နေပြီး ပြည်သူတွေ ပိတ်မိနေကြသလို ရေစီးသန်တဲ့အတွက် ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံပြည်သူတွေ နဲ့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ပြည်မြို့ နဲ့ မန္တလေးမြို့တွေမှာ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း ကိစ္စကို အကြောင်းပြပြီး ပြည်သူတွေဆီကနေ ငွေကြေးအမျိုးမျိုး ကောက်ခံနေသလို အိမ်ထောင်စုစာရင်းတွေ လိုက်လံ စစ်ဆေးနေပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Комментарии

Информация по комментариям в разработке