အာနာပါနဿတိသုတ် အနှစ်ချုပ် (အပိုင်း ၁)

Описание к видео အာနာပါနဿတိသုတ် အနှစ်ချုပ် (အပိုင်း ၁)

သာဝတ္ထိမြို့ ပုဗ္ဗာရုံကျောင်းတော်၌ အရှင်သာရိပုတ္တရာအစရှိသော ၁၀-ပါး သော အဘိညာတမထေရ်မြတ်များ အခြားအဘိညာတသာဝကထေရ်ပေါင်းများစွာတို့နှင့် အတူ သီတင်းသုံးတော်မူနေပုံ၊ မထေရ်ကြီးများ၏ ဩဝါဒ၊ အနုသာသနီကြောင့် ရဟန်းတော်သစ်များ အဆင့်ဆင့် ကသိုဏ်း, ပရိကမ်, မဂ်, ဖိုလ်တရားထူးများကို သိနိုင်ကြပုံ၊ ဘုရားရှင် လိုလားတော်မူသည့်ပရိသတ် အနေအထား၊ အာနာပါနဿတိဘာဝနာ၏ အကျိုးအဆင့်ဆင့်၊ အာနာပါနဿတိဘာဝနာပွားများရာ တောရကျောင်းနှစ်မျိုး၊ ယောဂီပုဂ္ဂိုလ်၏ တရားရှုမှတ်ရာ၌ထားရှိရမည့် ကိုယ်အနေအထားနှင့် ရှုမှတ်ပွားများပုံ၊ အာနာပါနဿတိပွားများရာ၌ ပွားများပုံလေးမျိုး၊ အမှတ် (၁)ပွားများပုံရှစ်မျိုးသည် ကာယာနုပဿနာသတိပဋ္ဌာန်ဖြစ်ပုံ၊ အမှတ် (၂)ပွားများပုံရှစ်မျိုးသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဖြစ်ပုံ၊ အမှတ် (၃)ပွားများပုံရှစ်မျိုးသည် စိတ္တာနုပဿနာသတိပဋ္ဌာန် ဖြစ်ပုံ၊ အမှတ် (၄)ပွားများပုံရှစ်မျိုးသည် ဓမ္မာနုပဿနာသတိပဋ္ဌာန် ဖြစ်ပုံ၊ ယင်းသတိပဋ္ဌာန်လေးမျိုးကို ပွားများနေပါက ဗောဇ္ဈင်ခုနှစ်ပါး ပွားများနေပုံ၊ ဗောဇ္ဈင်ခုနစ်ပါး ပွားများနေခြင်းကြောင့် ဝိဇ္ဇာဝိမုတ္တိဖြစ်သွားပုံ၊ သို့မဟုတ် ဝိဇ္ဇာဝိမုတ္တိဖြစ်အောင် ဗောဇ္ဈင် ခုနှစ်ပါး ပွားများပုံတို့ကို ဘုရားရှင် အဆင့်ဆင့်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -တန်ဆောင်မုန်းလပြည့်နေ့ သန္နိပါတ၌ ရဟန်းတော်များ မရေမတွက်နိုင်အောင် များပြားပုံ၊ ဩဝါဒအနုသာသနီ အမျိုးအစား၊ ဥဠာရဝိသေသ၊ ပဝါရဏာသင်္ဂဟ အကြောင်း၊ ပုဗ္ဗဝိသေသ၊ ပုဋောသေန အဖွင့်၊ အာနာပါနဿတိကျမ်းညွှန်း၊ အာနာပါနဿတိဘာဝနာမဖြစ်သူ၊ ဓမ္မာနုပဿီ၊ ဗောဇ္ဈင်ခုနစ်ပါး ဖြစ်နေပုံ၊ လောကီ လောကုတ္တရာအာနာပါန အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။

Wikiwand

Комментарии

Информация по комментариям в разработке