DIY Honey and Olive Oil Face Mak For Glowing Skin

Описание к видео DIY Honey and Olive Oil Face Mak For Glowing Skin

ဂျပန်နိုင်ငံ အလှအပရေးရာလောကရဲ့ စစ်တမ်းတွေအရ အမျိုးသားတွေကို အသားအရေ ရွှန်းစိုတောက်ပတာနဲ့ သိပ်သိပ်လေးနှစ်မျိုးမှာ ဘယ်ဟာကို ပိုကြိုက်သလဲလို့ မေးကြည့်တဲ့အခါ 78% က အသားအရေ ရွှန်းစိုတောက်ပတာလေးကို ကြိုက်တယ်လို့ ဖြေခဲ့ပါတယ်။
အသားအရေလေး ရွှန်းစိုနေမယ်ဆိုလျှင် သဘာဝပိုဆန်ပြီး ကျန်းမာတဲ့အသားအရေ ဖြစ်တယ်လို့မြင်ရပါတယ်။ ပြီးတော့ နည်းနည်း Sexy ဖြစ်တဲ့ပုံပေါ်ပါတယ်။
ဒီတခါ မြန်မာပြည်က Super market တွေမှာလည်း အလွယ်တကူဝယ်လို့ရတဲ့ ပစ္စည်းတွေကိုသုံးပြီး အသားအရေ ရွှန်းစိုတောက်ပဖို့အတွက် Face mask DIY ကို မိတ်ဆက်ပေးပါမယ် !
ဒီတခေါက် အသုံးပြုမှာကတော့ ပျားရည်နဲ့ သံလွင်ဆီဖြစ်ပါတယ် !
အတတ်နိုင်ဆုံး သကြားမပါ၊ အပူမပေးထားတဲ့ သဘာဝပျားရည်ကို သုံးကြရအောင် !
မြန်မာပြည်က Super market တွေမှာဝယ်ယူလို့ရပြီး၊ မြန်မာ့ပျားရည်က အရည်အသွေးကောင်းလို့ အခုဆိုလျှင် ကမ္ဘာတဝှမ်း စတင်သတိပြုမိနေကြပါပြီ။
သံလွင်ဆီကိုလည်း Extra Virgin Olive Oil ကို သုံးဖို့ တိုက်တွန်းချင်ပါတယ်။
၁။ ပန်းကန်ထဲမှာ ပျားရည်ဇွန်းကြီး ၂ဇွန်းခန့်နှင့် သံလွင်ဆီဇွန်းကြီး ၁ဇွန်းခန့်ကို ထည့်ပြီးရောမွှေပါမယ်။ အနည်းငယ် Microwave မှာ အပူပေးလျှင် ပိုနှံ့ပါတယ်။
၂။ မျက်နှာသစ်ပြီးလျှင် မျက်နှာပြင်အပြည့်လိမ်းပြီး ၅ မိနစ်ခန့် ထားပါမယ်။
၃။ ရေဖြင့် မျက်နှာသစ်ချပါမယ်။
ဒီ၃ဆင့်လုပ်ပေးရုံပါပဲ။
နံနက် ဒါမှမဟုတ် ညမအိပ်ခင်မှာ လိမ်းပေးလျှင် အကျိုးသက်ရောက်မှုပိုရှိပါတယ် !
မိမိချစ်သူနဲ့ Date မလုပ်ခင် ကြိုတင် ပေါင်းတင်ထားမယ်ဆိုလျှင် အလှကြိုက်တဲ့ ချစ်သူဆီက အချစ်ပိုရနိုင်မယ် ထင်ပါတယ်နော် !
စမ်းသပ်ကြည့်ရအောင် !
ချစ်တဲ့ စာဖတ်ပရိတ်သတ် တွေအတွက် Drecome Beauty Page မှ အလှအပဆိုင်ရာ ပညာပေး ဗဟုသုတ video များကို အစဉ်တင်ဆက်ပေးနေပါတယ်။
ရန်ကုန်ရဲ့အလှအပဆိုင်ရာ ၀န်ဆောင်မှုတွေကို “DRECOME MYANMAR BEAUTY LINK” မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
Website : http://mm.drecomebeauty.com/
Facebook : http://mm.drecomebeauty.com/
အသားအရေ ရွှန်းစိုတောက်ပလာစေရန် ပျားရည်နဲ့သံလွင်ဆီဖြင့်ပေါင်းတင်နည်း
http://mm.drecomebeauty.com/beauty/di...
မိတ်ကပ်သား ကြာရှည်ခံဖို့ Base Makeup လိမ်းခြင်း
http://mm.drecomebeauty.com/beauty/ap...
ရွှန်းစိုတဲ့ အသားအရေ ရရှိဖို့ ဒိန်ချဉ်နဲ့သံပယိုရည် ဖြင့်ပေါင်းတင်နည်း
http://mm.drecomebeauty.com/beauty/di...
လွယ်ကူ လှပသော နှုတ်ခမ်းပုံဖော်ခြင်း video ကိုကြည့်ရန်
http://mm.drecomebeauty.com/beauty/ea...
အစိုဓာတ် ထိန်းခြင်း video ကို website တွင်လေ့လာရန်
http://mm.drecomebeauty.com/beauty/ap...
လုပ်ငန်းခွင် မိတ်ကပ်ပြင်နည်း ကိုwebsite တွင်လေ့လာရန်
http://mm.drecomebeauty.com/beauty/ba...
Lipstick Products များရှာရန်
http://mm.drecomebeauty.com/parts-pro...
ဆံသားအတွက်ပေါင်းတင်နည်း Videos များကြည့်ရန်
http://mm.drecomebeauty.com/parts-vid...
အိမ်တွင်းမျက်နှာပေါင်းတင်နည်း videos များ ကြည့်ရန်
http://en.drecomebeauty.com/beauty/le...
ဗဟုသုတ videos များကြည့်ရန်
http://en.drecomebeauty.com/beauty/ma...
#Drecome #Beauty #Myanmar #Skincare #Makeup
#DIY #honey #oliveoil #facemask #glowskin
#ပျားရည်နဲ့သံလွင်ဆီပေါင်းတင်နည်း #ရွှန်းစိုတဲ့အသားအရ
#အိမ်တွင်းမျက်နှာပေါင်းတင်နည်း #စိုစိုပြောင်ပြောင်အသားအရေ

Комментарии

Информация по комментариям в разработке