ဘယ်နေရာတွေ ရေဆက်ကြီးနိုင်လဲ - BBC News မြန်မာ

Описание к видео ဘယ်နေရာတွေ ရေဆက်ကြီးနိုင်လဲ - BBC News မြန်မာ

"လေပွေလှိုင်းကြောင့် မိုးများနိုင်တော့ ရခိုင်မှာက မြစ်ချောင်းပေါတယ်။ ချင်းက တောင်ပေါ်ဒေသဆိုတော့ မြေပြိုတာတွေ၊ နောက် မကွေးကလည်း မြောက်ပိုင်းမှာ ဆည်တွေများတော့ (အဲဒီနေရာတွေအနီးနေထိုင်သူတွေ) ဖြစ်နေတဲ့အချိန်မှ ရွှေ့တာထက်စာရင် မဖြစ်ခင်ရွှေ့တာက ပိုပြီး ထိခိုက်ဆုံးရှုံးမှု လျော့နည်းတာပေါ့”
ဦးလှထွန်း(ညွှန်ကြားရေးမှူး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

မိုးဆက်တိုက်ရွာသွန်းပြီး ရုတ်တရက်ရေကြီးနစ်မြုပ်မှုကြောင့် နေပြည်တော် ကောင်စီနယ်မြေတစ်ခုတည်းမှာတင် စက်တင်ဘာ ၁၂ ရက်အထိ သေဆုံးသူ ၂၀ နီးပါးရှိနေပြီး ရမည်းသင်းမြို့နယ်က အသေအပျောက်အများဆုံးဖြစ်နေပါတယ်။ စူပါတိုင်ဖွန်း မုန်တိုင်းယာဂီရဲ့အရှိန်နဲ့ မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်စေတဲ့ လေပွေလှိုင်းဟာ မြန်မာနိုင်ငံ အနောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းကို ဆက်လက်ရွေ့လျားနေပြီး လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့အထိ ရခိုင်၊ မကွေးနဲ့ ချင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ မိုးများနိုင်ပြီး ရေကြီးရေလျှံမှုတွေဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အထူးသတိပေးချက်ထုတ်ပြန်ထားပါတယ်။ နောက်ထပ် ဘယ်နေရာတွေမှာ ဒီဘေးအန္တရာယ်ကျရောက်နိုင်ပါသလဲ။ ဘာကြောင့် ရုတ််ခြည်းရေကြီးလာပြီး လူတွေ ဒါဇင်နဲ့ချီ သေဆုံးရတဲ့အထိဖြစ်လာခဲ့ပါသလဲ။ နောက်ထပ် ဘေးအန္တရာယ်ကျရောက်မယ့်ဒေသခံတွေ အချိန်မီ ဘာတွေ သိရှိရှောင်ကြဥ်ဖို့လိုပါသလဲ။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းကို မအေးသူစံက ဆက်သွယ်မေးမြန်းထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ဘေးအန္တရာယ် #ရေဘေး #မိုးများ #လေပွေလှိုင်း #မြန်မာ

Комментарии

Информация по комментариям в разработке