အဲလိဇဘက်ဘုရင်မကြီး၏ ရတနာတိုက်ကိုဖွင့်ကြည့်ခြင်း

Описание к видео အဲလိဇဘက်ဘုရင်မကြီး၏ ရတနာတိုက်ကိုဖွင့်ကြည့်ခြင်း

စက်တင်ဘာ ၈ ရက်မှာ ကွယ်လွန်ဆုံးပါးသွားခဲ့တဲ့ ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီးရဲ့ ရတနာတိုက်တွင်းမှာ သရဖူအစုစုအပြင် ကမ္ဘာ့အကြီးဆုံးစိန်တုံးကြီးမှ ဖြတ်ထုတ်ထားတဲ့ စိန်ပွင့်ကြီး ၉ ပွင့်နဲ့ တော်ဝင်မိသားစုပိုင် ကျောက်မျက်ရတနာ အမြောက်အမြား ကျန်ရှိခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံ Premier စိန်တွင်းမှတွေ့ရှိခဲ့တဲ့ ကယ်လီနန် (Cullinan) စိန်တုံးကြီးကို ၁၉၀၇ ခုနှစ်မှာ သတ္တမမြောက်အက်ဒွပ်ဘုရင်ကြီးထံ ဆက်သခဲ့ပါတယ်။ ဘုရင်ကြီးက ကမ္ဘာ့အကျွမ်းကျင်ဆုံး စိန်သွေးစိန်ဖြတ်ဆရာဖြစ်တဲ့ အမ်စတာဒမ်မြို့မှ ဂျိုးဆက်အက်စ်ရှာထံ ပေးပို့ခဲ့ပါတယ်။ ၃၁၀၆ ကာရက်ရှိ ကယ်လီနန်စိန်းတုံးကို စိန်ပွင့်ကြီး ၉ ပွင့်နှင့် စိန်ပွင့်ငယ် ၉၆ ပွင့်အထိ ဖြတ်ထုတ်ရရှိခဲ့ပါတယ်။

Girls of Great Britain and Ireland သရဖူအကြောင်းပြောရမယ်ဆိုရင်တော့ ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီးရဲ့ ဘွားတော် ဘုရင်မကြီးမယ်ရီအတွက် မင်္ဂလာလက်ဖွဲ့အဖြစ် ၁၈၉၃ ခုနှစ်မှာ အမျိုးသမီးကော်မတီက ဦးဆောင်ဦးရွက်ပြုထူထောင်ခဲ့တဲ့ ရန်ပုံငွေနဲ့ ဝယ်ယူခဲ့ခြင်းဖြစ်ပါတယ်။ ဒါကိုအစွဲပြုပြီး သရဖူကို Girls of Great Britain and Ireland လို့ ခေါ်တွင်ပါတယ်။

စုစုပေါင်းရန်ပုံငွေ ပေါင် ၅၀၀၀ အထိရရှိခဲ့ရာ လိုအပ်သည်ထက်ပိုလျှံရရှိခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာပဲ ဗြိတိန်စစ်သင်္ဘော HMS Victoria က ထရစ်ပိုလီကမ်းခြေအနီး အခြားသင်္ဘောတစီးနှင့်တိုက်မိနစ်မြှုပ်ပြီး သင်္ဘောသား ၃၅၀ ဦးကျော်သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဆိုးတခုဖြစ်ပွားခဲ့ပါတယ်။ ဘုရင်မမယ်ရီ၏ ညွှန်ကြားချက်အရ အဆိုပါရန်ပုံငွေမှ ပိုလျှံငွေကို သင်္ဘောနစ်မြုပ်သေဆုံးခဲ့ရသူများရဲ့ ကျန်ရစ်သူမိသားစုများအတွက် ကူညီထောက်ပံ့ပေခဲ့ပါတယ်။ အဲလိဇဘက်ဘုရင်မကြီးက ဒီသရဖူကို ‘ဘွားဘွားရဲ့သရဖူ’လို့ ခေါ်ပါတယ်။

တော်ဝင်မိသားစုပိုင် နန်းစဉ်ရတနာတွေထဲမှာ သရဖူများအပြင် တောင်ဝှေး၊ ဓား၊ လက်စွပ် အစရှိတဲ့ မင်းမြောက်တန်ဆာနှင့် အဆောင်အယောင်ပေါင်း ၁၀၀ ကျော်ရှိကာ အဖိုးမဖြတ်နိုင်သော ကျောက်မျက်ရတနာအရေအတွက် ၂၃၅၇၈ ခု ပါဝင်စီခြယ်ထားပါတယ်။ အဆိုပါ အဆင်တန်ဆာများကို ကိုင်တွယ်သုံးစွဲရာမှာလည်း တိကျတဲ့ စည်းကမ်းသတ်မှတ်ချက်တွေရှိပါတယ်။ ဥပမာ - အင်ပီရီယယ်သရဖူကို ဘုရင် (သို့မဟုတ်) ဘုရင်မ၊ Canterbury ဂိုဏ်းချုပ်ဘုန်းတော်ကြီးနှင့် သရဖူကိုင်တွယ်ခွင့်ရ ကျောက်မျက်ကဝိ ထို ၃ ဦးမှလွဲပြီး အခြားသူ ထိတွေ့ကိုင်တွယ်ခွင့်မရှိပါဘူး။

ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီးအားဆက်ခံမယ့် တတိယမြောက် ချားလ်စ်ဘုရင်ဆင်မြန်းမယ့် စိန့်အက်ဒွပ်သရဖူဟာ ၁၆၆၁ ခုနှစ်တွင် ဒုတိယမြောက်ချားလ်စ်ဘုရင်၏ နန်းတက်ပွဲအတွက် ပုံတူပြန်လည်ပြုလုပ်ထားတဲ့ သရဖူဖြစ်ပါတယ်။ သရဖူရဲ့တန်ဖိုးမှာ အဲဒီအချိန်က ကာလတန်ဖိုး စစ်သင်္ဘော ၃ စီး၏တန်ဖိုးနှင့်ညီမျှသော ပေါင်ငွေ ၁၃၀၀၀ ဖြစ်ပါတယ်။

မူလ အက်ဒွပ်သရဖူမှာ ၁၀၄၂ မှ ၁၀၆၆ ခုနှစ်အထိ ထီးနန်းစိုးစံခဲ့တဲ့ အက်ဒွပ်ဘုရင်ကို မှည့်တွင်အမည်ပေးထားတာဖြစ်ပြီး ၁၆၄၉ ခုနှစ် အင်္ဂလိပ်ပြည်တွင်းစစ်အတွင်းမှာ ရောင်းချခြင်း သို့မဟုတ် ဖျက်ပစ်ခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ မြို့စား အော်လီဗာ ခရွမ်ဝဲလ်က ကျောက်မျက်တွေကိုဖယ်ပြီး ရွှေသားကို အင်္ဂလန် ဓနသဟာယနိုင်ငံတော် ဒင်္ဂါးများအဖြစ် သွန်းလုပ်ခဲ့တယ်လို့ အဆိုရှိပါတယ်။

ခရစ်တော်၏အမိန့် မြေကမ္ဘာပေါ် ခညောင်းမှုကို ကိုယ်စားပြုတဲ့ ကျောက်စီဘောလုံး (The Sovereign’s Orb) တွင် စိန် ၃၆၅ ပွင့်၊ ပတ္တမြား ၁၈ ပွင့်၊ မြ ၉ ပွိုင့်၊ နီလာ ၉ ပွိုင့်တို့နဲ့ စီခြယ်ထားပါတယ်။ ခိုငှက်ရုပ်ပါတဲ့ တောင်ဝှေးကို ၁၆၆၁ ခုနှစ်တွင် ဒုတိယမြောက်ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲအတွက် ကာလတန်ဖိုး ပေါင် ၁၄၆၅ ပေါင် ကျသင့်ခံ၍ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သက္ကရာဇ် ၁၉၁၁ ခုနှစ်အရောက်မှာ ကယ်လီနန်စိန်မှ သွေးဖြတ်လို့ရတဲ့ စိန်ပွင့်ကြီး ၉ ပွင့်အနက်မှ အကြီးဆုံးစိန်ပွင့်ကြီးကို တောင်ဝှေးရဲ့ လက်ဝါးကပ်ထဲမှာ ထည့်သွင်းထားပနာခဲ့ပါတယ်။

လက်ရှိ အင်ပီရီယယ်သရဖူ (The Imperial State Crown) မှာထည့်သွင်းစီချယ်ထားတဲ့ ကျောက်မျက်ရတနာတွေထဲက အချို့ဟာ ၁၆၆၁ ခုနှစ်မှာ နန်းတက်တဲ့ ဒုတိယမြောက်ချားလ်စ်ဘုရင်ရဲ့ သရဖူထဲကကျောက်မျက်တွေဖြစ်ပြီး ၁၇၁၄ ခုနှစ်မှာ နန်းတက်ထဲ့တဲ့ ပထမမြောက် ဂျော့ဘုရင်အတွက် အသစ်ပြန်လည်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အင်ပီရီးယယ်သရဖူဟာ အလေးချိန် ၁ ကီလိုဂရမ်ခန့်ရှိပြီး နန်းတက်ပွဲနဲ့ နိုင်ငံတော်အဆင့် အခမ်းအနား အချို့မှာသာ ဝတ်ဆင်လေ့ရှိပါတယ်။ အင်ပီရီရယ်သရဖူမှာ စိန် ၂၈၆၈ လုံး၊ နီလာ ၁၇ လုံး၊ မြ ၁၁ လုံး၊ ပုလဲ ၂၆၉ လုံးနှင့် ပတ္တမြား ၄ လုံးပါဝင်ပြီး သက်တော်ကြီးရင့်လာတဲ့ အဲလိဇဘက်ဘုရင်မကြီးအတွက် လေးလွန်းတဲ့အတွက် ၂၀၁၉ ခုနှစ်ကစပြီး အင်းပီးရီးယယ်သရဖူအစား ဒိုင်ယာဒမ်လို့ခေါ်တဲ့ သရဖူငယ်ကို ပြောင်းလဲဆင်မြန်းခဲ့ပါတယ်။

ဗြိတိန်တော်ဝင်မိသားစုရဲ့ နန်းစဉ်ရတနာတွေထဲမှာ နောက်ထပ် အများအပြား ကျန်ရှိနေပါသေးတယ်။ ဒုတိယမြောက်အဲလိဇဘက်ဘုရင်မကြီးကို မြေမြှုပ်သင်္ဂြိုလ်ရာမှာတော့ သူမရဲ့ လက်ထပ်လက်စွပ်ဖြစ်တဲ့ ဝေလရွှေလက်စွပ်၊ ပုလဲနားဆွဲတို့ဝတ်ဆင်လျက် ဈာပနကိစ္စပြီးစီးခဲ့တယ်လို့ သိရပါတယ်ခင်ဗျား။

Комментарии

Информация по комментариям в разработке