ပဌာန်းဆက်ရှိသူတွေကို အမြဲကူညီနေတဲ့ အောင်တော်မူ သာသနာ့နယ်မြေထဲက လူပုလေးမောင်နှမ ၁၆ ယောက် သိုက်နန်း

Описание к видео ပဌာန်းဆက်ရှိသူတွေကို အမြဲကူညီနေတဲ့ အောင်တော်မူ သာသနာ့နယ်မြေထဲက လူပုလေးမောင်နှမ ၁၆ ယောက် သိုက်နန်း

ပဌာန်းဆက်ရှိသူတွေကို အမြဲကူညီနေတဲ့ အောင်တော်မူ သာသနာ့နယ်မြေထဲက လူပုလေးမောင်နှမ ၁၆ ယောက် သိုက်နန်း
----------------------
သိုက်နန်းတွေ ခေတ်ထနေလို့ သိုက်နဲ့ ပွဲရှာတယ်လို့ မထင်စေချင်ပါဘူး။ ဒါဟာ ပရိသတ်တွေကို စကားဦးအဖြစ် စပြောတာပါ။ တွံတေးမြို့နယ်မှာ သိုက်နန်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ လူပုလေးမောင်နှမ ၁၆ ယောက် သိုက်နန်းပါပဲ။ တိတိကျကျ ပြောရရင် တွံတေးမြို့နယ်၊ လသာရွာက အောင်တော်မူဘုရား သာသနာ့နယ်မြေထဲမှာ ဒီသိုက်နန်း ရှိနေပါတယ်။ ပဌာန်းဆက်ရှိသူတွေနဲ့ အဓိဌာန်အောင်တဲ့သူတွေကို အမြဲကူညီစောင့်ရှောက်ပေးတဲ့သိုက်နန်းလို့ ဆိုပါတယ်။ လူပုလေးမောင်နှမ ၁၆ ယောက်ဟာ သူတို့နဲ့ ပဌာန်းဆက်ရှိခဲ့သူတွေကို အိပ်မက်သွားပေးပြီး “ဒီနေရာဆီလာပြီး သူတို့မောင်နှမတွေကို ဘာလှူလိုက်ပါ၊ ဘယ်လိုစောင့်ရှောက်ပေးမယ်၊ ဘယ်လိုကူညီပေးမယ်”ဆိုပြီး ပြောတာကိုယုံကြည်လို့ သူတို့ရဲ့သိုက်နန်းဆီ လာရောက်လှူဒါန်းသူတွေ၊ ဆုတောင်းသူတွေ ရှိနေတဲ့နေရာလေးပါ။ အရင်တုန်းက ဒီနေရာမှာ ကိုရင်ကြီးတစ်ပါး ရှိခဲ့ပါတယ်။ ကိုရင်ကြီးက သူနဲ့ပဌာန်းဆက်ရှိတယ်ဆိုတဲ့နေရာလေးတွေမှာ ဘုရားလိုက်တည်ရင်း အောင်တော်မူဘုရားကို တည်ချိန်မှာ လူပုလေးတွေရဲ့သိုက်နန်းရှိတာကို သိသွားခဲ့ပြီး အဲ့ဒီကနေ အစပြုလိုက်ခြင်းဟာ ဒီနေ့အထိ တည်မြဲသွားခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ “သိုက်”တွေအကြောင်းကို အသိပေးချင်ပါတယ်။ သိုက်တွေဟာ သူတို့နဲ့ပဌာန်းဆက်ရှိသူတွေကို အလှူလုပ်ချင်လို့ ငွေမရှိရင်ဘဲဖြစ်ဖြစ်၊ အခက်အခဲကြုံရင်ပဲဖြစ်ပြီး အိပ်မက်တွေပေးပြီး ကူညီတတ်လေ့ရှိတာကို ပါးစပ်ရာဇဝင်အနေနဲ့ဖြစ်စေ လူတိုင်းကြားဖူးပါလိမ့်မယ်။ နယ်တွေ ရွာတွေဘက်မှာတော့ ဥစ္စာစောင့်သဘောမျိုး ပြောလေ့ရှိပါတယ်။ သူတို့တောင်းတဲ့အလှူလေးကို သွားလှူပေးလိုက်တာနဲ့ ကူညီမ,စတယ်ဆိုတာတွေကို အားလုံးကြားဖူးကြမှာပါ။ သိုက်ကို အခြေအနေအရပ်ရပ်ကြောင့် ဒီနေရာကနေ ရွှေ့ရမယ်ဆိုရင်တောင် အိပ်မက်ပေးပြီး “သူတို့ပြောင်းရတော့မယ်၊ သူတို့ကို နှင်နေပြီ၊ မသွားခင် တစ်ခုခု ပေးခဲ့ချင်တယ်”ဆိုတာမျိုးတွေလည်း သိုက်အကြောင်းကို သိနားလည်သူတွေ ဖတ်ဖူး၊ ကြားဖူး၊ နားထောင်ဖူးကြပါလိမ့်မယ်။ အောင်တော်မူဘုရားသာသနာ့နယ်မြေထဲက လူပုလေးမောင်နှမ ၁၆ ယောက် သိုက်နန်းဆိုတာလည်း အဲ့ဒီလိုနေရာပါပဲ။ ဒါကြောင့်လည်း သိုက်နန်းဆိုပြီး ခေတ်ထနေချိန်မှာ ပွဲရှာတယ် မထင်စေချင်ဘဲ ဗဟုသုတတစ်ခု၊ စိတ်ဝင်စားစရာနေရာတစ်ခုအဖြစ် ပရိသတ်ကို အသိပေးတာဖြစ်ကြောင်း ကြိုတင်ပန်ကြားရတာပါ။ ပဌာန်းဆက်ရှိသူတွေနဲ့ အဓိဌာန်အောင်တဲ့သူတွေကို အမြဲကူညီစောင့်ရှောက်ပေးနေတဲ့ အောင်တော်မူ သာသနာ့နယ်မြေက လူပုလေးမောင်နှမ ၁၆ ယောက် သိုက်နန်းအကြောင်းကို Mercury Variety ပရိသတ်တွေ သိရှိနိုင်အောင် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

Комментарии

Информация по комментариям в разработке