ဝက်သားပေါင်း

Описание к видео ဝက်သားပေါင်း

အနံ့အရသာပြည့်စုံလွန်းသော အသားပေါင်း
Stay at Home, Show your Cooking Skill!
အခုတခါကတော့ အားလဲရှိမယ် စားလို့လဲကောင်းမယ်။ ဆိုင်ကအတိုင်းပဲ အနံ့အရသာအလွန်ကို ပြည့်စုံလွန်းတဲ့ အသားပေါင်းလုပ်နည်းကို လုပ်ပြမှာပါ။ အိစံတို့ တအိမ်လုံးကတော့ အလွန်ကိုကြိုက်နှစ်သက်ကြပါတယ်။ အားလုံးလဲ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်ရှင်။
ပါဝင်သောပစ္စည်းများ
၁။ တောက်တောက်စဥ်းထားသော ဝက်သား/ကြက်သား - ၂၅ ကျပ်သား
၂။ ကြက်ဥ - ၃ လုံး
၃။ ကြက်သွန်ဖြူ - ၂ မွှာ
၄။ ဂျင်း - လက်တဆစ်
၅။ ကြက်သွန်နီ (အသေး) ၂ လုံး (သို့) တောက်တောက်စဥ်းထားသော ကြက်သွန်နီ - ထမင်းစားဇွန်း ၈ ဇွန်း
၆။ တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တဝက်
၇။ ကြက်သားမှုန့် -လက်ဖက်ရည်ဇွန်း တဝက်
၈။ ကော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၉။ ပဲငံပြာရည်အကြည် (အကျဲ) - ထမင်းစားဇွန်း ၂ ဇွန်း
၁၀။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၁၁။ ဟင်းချက်ဆန်ဝိုင် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၂။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၃။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)

Комментарии

Информация по комментариям в разработке