Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Описание к видео Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်က ရွှေတစ်ဂူကျေးရွာ စစ်တပ်စခန်းကို တော်လှန်ရေးပူး ပေါင်းတပ် တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၊ စစ်ကောင်စီတပ်သား အယောက် ၄၀ ဝန်းကျင်ကတော့ အသီးသီးသေကုန်ကြတဲ့အပြင် ၊ လက်နက်ပေါင်း ၃၀ ကျော်ကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ KNDF ဗဟိုရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

-ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ က ရွှေတစ်ဂူကျေးရွာ စစ်တပ်စခန်းကို သိမ်းပိုက်ပြီးတဲ့ နောက်မှာပဲ အကြမ်းဖက် စစ်ကောင်စီတပ်က လွိုင်ကော်မြို့နယ်မှာရှိတဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ အိုင်စန့် ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့ရတဲ့အပြင် ၊ နောက်ထပ် ၄ လသာ ရှိသေးတဲ့ ကလေးငယ်က လက်တစ်ဖက် ဆုံးရှုံးသွား တယ်လို့ (KNDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၁၇ နဲ့ ပါဒစက်တော်ရာ အနီး တပ်စွဲထားတဲ့ စစ်တပ်စခန်းကိုပါ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်း သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Комментарии

Информация по комментариям в разработке