လူပီသချင်လို့ မတရားတဲ့ဘက်မှာ မပူးပေါင်းဘူး (ရုပ်/ သံ)

Описание к видео လူပီသချင်လို့ မတရားတဲ့ဘက်မှာ မပူးပေါင်းဘူး (ရုပ်/ သံ)

လူပီသချင်လို့ မတရားတဲ့ဘက်မှာ မပူးပေါင်းဘူး (ရုပ်/ သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၁၈၊ ၂၀၂၄

နိုင်ငံရေးကို သေချာနားမလည်ပေမယ့် သူဟာအမှားနဲ့ အမှန်ကို ခွဲခြားနိုင်တဲ့ သူတယောက်ဖြစ်တယ်လို့ အဆိုတော်ကော်ဘရာက ဧရာဝတီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းချိန်မှာပြောပြပါတယ်။ ဒါကြောင့် သူဟာ တိုင်းပြည်အပေါ် လက်နက်အားကိုးနဲ့ ဗိုလ်ကျ နှိပ်ကွပ်နေတဲ့ အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူတွေနဲ့ အတူရပ်တည်နေတာဖြစ်တယ်လို့ ပြောပါတယ်။

တေးရေး၊ တေးဆို ကော်ဘရာဟာ စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာ အာဏာရှင်ကို လက်မခံကြောင်း သန်းနဲ့ ချီတဲ့ ပြည်သူတွေနဲ့ အတူ လမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာလည်း အမေရိကားရောက် အနုပညာရှင်တွေနဲ့အတူ တော်လှန်ရေးရန်ပုံငွေပွဲတွေမှာ အားတက်သရော ပါဝင်နေတာတွေ့ရပါတယ်။

မြန်မာနိုင်ငံထဲမှာ ပြည်သူတွေဟာ အာဏာရှင်ရဲ့ အမှားတွေကိုတောင် ထောက်မပြရဲလောက်အောင် ဖိနှိပ်ခံနေရပြီး အနာဂတ်မျိုးဆက်သစ်လူငယ်တွေ ဒီဒဏ်တွေကနေ လွတ်မြောက်ဖို့ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

#မြန်မာ #ဧရာဝတီ #အဆိုတော်ကော်ဘရာ #စစ်ကောင်စီ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Комментарии

Информация по комментариям в разработке