သပိတ်ကျင်း ခလရ - ၁၄၈ ကို TNLA, PDF သိမ်းပိုက်... မြိုင် ပျူစောထီးစခန်းကို PDF သိမ်းပိုက်...

Описание к видео သပိတ်ကျင်း ခလရ - ၁၄၈ ကို TNLA, PDF သိမ်းပိုက်... မြိုင် ပျူစောထီးစခန်းကို PDF သိမ်းပိုက်...

သပိတ်ကျင်း ခလရ - ၁၄၈ ကို TNLA, PDF သိမ်းပိုက်... မြိုင် ပျူစောထီးစခန်းကို PDF သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၀- ၈- ၂၀၂၄)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး-မိုးကုတ် ကားလမ်းပေါ်ရှိ ခလရ - ၁၄၈ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်- PDF ၊ မိုးကုတ်ဗျူဟာက သတင်း ထုတ်ပြန်ပါတယ်။

TNLA -တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သြဂုတ် ၉ ရက်၊ ညနေ ၅ နာရီမှာ သိမ်းပိုက်တာဖြစ်တယ်၊ လက်နက်ခဲယမ်းများစွာရရှိတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

PDF-MDY ကလည်း သပိတ်ကျင်းမြို့နယ်တွင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို ဆက်တိုက် သိမ်းပိုက်...

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ စစ်တပ်-ပျူစောထီး ပူးပေါင်းစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး ၆၀ မမ စိန်ပြောင်းအပါဝင် လက်နက်မျိုးစုံ ၁၀ လက် သိမ်းမိ...

ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာက စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက
ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကြောင်းမှူး- ခမရ (၃၄၉) ယာယီတပ်ရင်းမှူးနဲ့
တပ်ခွဲမှူးတို့သေဆုံး...

ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ NMSP-AD တို့ကြား
တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ၆ ဦးသေဆုံးတယ်လို့ NMSP-AD ပြောခွင့်ရ
နိုင်ဗညားမွန်က BNN ကိုပြောကြား...

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ (DPLF/ DPLA)
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ၉
ဦးသေ၊ ၈ ဦးလက်ရဖမ်းမိ၊ လက်နက် ၁၉ လက်ရရှိ...

မူဆယ်မြို့ကို ရောက်ရှိနေတဲ့ လားရှိုး ရမခ- တိုင်းမှူး-
ဗိုလ်မှူးချုပ်စိုးလှိုင်ကို လက်နက်ချဖို့
မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကမ်းလှမ်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။    / burmanewsnetwork  )

Комментарии

Информация по комментариям в разработке