နယ်မြေကန့်သတ်မှုကြောင့် စစ်တောင်းမြစ် အရှေ့ခြမ်း ရေဘေး ကယ်ဆယ်ရေး ခက်ခဲ - BBC NEWS မြန်မာ

Описание к видео နယ်မြေကန့်သတ်မှုကြောင့် စစ်တောင်းမြစ် အရှေ့ခြမ်း ရေဘေး ကယ်ဆယ်ရေး ခက်ခဲ - BBC NEWS မြန်မာ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်

စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေး တပ်တွေအကြား နယ်မြေကန့်သတ် တားမြစ်မှုတွေ ကြောင့် ရေဘေးဒဏ် ခံခဲ့ရတဲ့ ရွာတွေကို အကူအညီပေးဖို့ အခက်အခဲတွေ ရှိနေ။

ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ရွှေ့ပြောင်း လုပ်သားတွေအပေါ်မှာ ကန့်သတ်မှုတွေ လုပ်ဖို့ ထိုင်းလူမှု အဖွဲ့အစည်းတွေက အစိုးရကို စာရေးသား တောင်းဆိုနေတာကြောင့် မြန်မာ ရွှေ့ပြောင်း လုပ်သားတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ ရှိ။

မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့် ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ရှိလာပြီး ရှမ်းမြောက်မှာ နောက်ထပ် အပစ်အခတ် ရပ်စဲရေးရဖို့ တရုတ် နိုင်ငံက တွန်းအားပေးနေပါတယ်။ တရုတ်မြန်မာ နယ်စပ် အခြေအနေ သတင်းကိုလည်း တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း

Комментарии

Информация по комментариям в разработке