၁၄။ "ဖြေဆေးမလိုပါ" စာရေးသူ - စမ်းစမ်းနွဲ့ (သာယာဝတီ) (ချစ်လက်စမကုန်ချင်ဘူးကွယ်)

Описание к видео ၁၄။ "ဖြေဆေးမလိုပါ" စာရေးသူ - စမ်းစမ်းနွဲ့ (သာယာဝတီ) (ချစ်လက်စမကုန်ချင်ဘူးကွယ်)

၁၄။ "ဖြေဆေးမလိုပါ"
(ချစ်လက်စမကုန်ချင်ဘူးကွယ်)
စာရေးသူ - စမ်းစမ်းနွဲ့ (သာယာဝတီ)
စာဖတ်သူ - မေနှင်းစက်
ကြာချိန် - ၂၁ : ၁၉ မိနစ်

စာမြည်း
“မင်း ဘာဖြစ်လို့ စကားတွေ ပရမ်းပတာ လျှောက်ပြောနေတာလဲ စုစုထား"
“ရှင်...” ဘာကို ဆိုလိုသလဲဟု တကျော့ပြန် စဉ်းစားရသည်။ ဟောပြောပွဲမှာ စုစုထားသည် စကားကို လက်လွတ်စပယ် ပြောလေ့မရှိ။ ဟာသသဘောဖြင့် ပြက်လုံးထုတ်မိသည့်တိုင် ထိုပြက်လုံးကြောင့် ဟောပြောသည့် အကြောင်းအရာ ဦးတည်ချက်ကို အငြိအစွန်း မရှိရအောင် သတိပြုမြဲ ဖြစ်သည်။
"အချစ်ဝတ္ထုရေးဆရာတွေက ရှာရှာဖွေဖွေ ပေးရမယ့် အကြောင်းပြချက်မျိုးကို မင်း ပါးစပ်က ဘာဖြစ်လို့ အငှားရှေ့နေ လိုက်ရတာလဲ။ ဟုတ်တာ မဟုတ်တာ အပထား၊ သူတို့ပါးစပ်က ပြောပါစေပေါ့။ မင်းနဲ့ ဘာဆိုင်သလဲ။ မင်းနဲ့ဆိုင်တာ မင်း ပြောဖို့ကောင်းတယ်”
ရုတ်ခြည်း စောဒက မတက်ဖြစ်ခဲ့ချေ။ အပြုံးသည် လျော့ရိလျော့ရဲ ရှိနေမည်ထင်၏။ မိမိ ပြောခဲ့တာတွေ လွဲနေပြီလား ပြန်လည် သုံးသပ်ကြည့်သည်။ အချစ်၊ လျှို့ဝှက်၊ ဘဝသရုပ်ဖော် စသည်ဖြင့် ခွဲခြား၍ တန်ဖိုး သတ်မှတ်နေသည် များကို စုစုထားက ဆွေးနွေးပြောဆိုမိသည်။ အကျိုးပြုစာပေ’ ဆိုသော ဂုဏ်သိက္ခာသည် ဘဝသရုပ်ဖော် ပုံသဏ္ဌာန်မှာချည်း တရားသေ ကိန်းဝပ်မနေ။ အချစ်ဝတ္ထု ပုံသဏ္ဌာန်ဖြင့် လည်းကောင်း၊ လျှို့ဝှက်သည်းဖို ပုံသဏ္ဌာန်ဖြင့် လည်းကောင်း ဖန်တီး၍ ရသည်ဟု...။

*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက Messenger Link မှတဆင့် (သို့မဟုတ်) Viber Link မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။

🔰 LH Messenger Link - http://m.me/listenersheaven (Or)
🔰 LH Viber Link - https://invite.viber.com/?g2=AQBCxP95...
🔰 LH Website Link - www.lhaudiobook.com
🔰 LH tiktok Link - https://www.tiktok.com/@listheners.he...

Комментарии

Информация по комментариям в разработке