Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Описание к видео Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ တအာင်းအမျိုးသားတပ်မတော် TNLA တို့ အတူတကွ ပူးတွဲ တိုက်ခိုက်နေတဲ့ ကနောင်စစ်ဆင်ရေးမှာ အကြမ်းဖက် စစ်တပ်ဘက်က ဗိုလ်ကြီး ၂ ဦး၊ စစ် ကြောင်း မှူး ၁ ဦး၊ ဒုစစ်ကြောင်းမှူး ၁ ဦး အပါအဝင် အယောက် ၈၀ သေသွားပြီးဖြစ်တဲ့အပြင် ၊ လက်နက် ခဲယမ်း အများအပြားကိုပါ သိမ်းဆည်းရရှိထားတယ်လို့ မန္တလေး PDF ကနေ တရားဝင် သတင်း ထုတ်ပြန်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့ မြန်မာစစ် တပ်ကို တရားစွဲဆိုထားတဲ့အမှုမှာ တရားလို ဂမ်ဘီယာနိုင်ငံဘက်ကနေ ပြင်သစ်နိုင်ငံက ပါဝင်ရပ် တည်မှာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတကပြောဆိုလိုက်ပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က အကြမ်းဖက် စစ်တပ်ရဲ့ ကျောက်လှေကားဂိတ်စခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ အာပီဂျီအပြင် လက်နက်ငယ်တွေ နဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက် ရာမှာ ပျူစောထီး ၂ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

Комментарии

Информация по комментариям в разработке