DVB - ရခိုင်အရေးကို နိုင်ငံတကာက ဘာလို့ အာရုံစိုက်နေတာလဲ?

Описание к видео DVB - ရခိုင်အရေးကို နိုင်ငံတကာက ဘာလို့ အာရုံစိုက်နေတာလဲ?

DVB Debate - ရခိုင်အရေးကို နိုင်ငံတကာက ဘာလို့ အာရုံစိုက်နေတာလဲ?

"ကမ္ဘာကြီးဟာ boat people ကိုကြောက်လာတယ်။ နိုင်ငံမဲ့ လာမပြောနဲ့ ဒီကိစ္စကို ဘဂ်လားဒေ့ရှ်အစိုးရ တာဝန်ယူရမယ်။”
ဒေါက်တာ အေးမောင် - ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားပါတီ

“နိုင်ငံတကာမှာ လူ့အခွင့်အရးချိုးဖောက်မှုရှိတယ် အဲဒါကို မထောက်ပြဘူးဆိုတဲ့အချက်တွေကို ကျနော် လက်မခံဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တိုင်း လျစ်လျူရှုတာ မရှိဘူး။ မြန်မာပြည်မှာ ရခိုင်အရေးဖြစ်တိုင်းလည်း ထောက်ပြတယ်။ မွတ်စလင်တွေပဲ ထောက်ပြတာ မဟုတ်ဘူး ရခိုင်တိုင်းရင်းသားတွေ လူ့အခွင့်အရေးချိုးဖောက် ခံရရင်လည်း ထောက်ပြတာ ရှိတယ်။”
ဦးနစ်ကီ - မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ၊ Fortify Rights

“ကျမတို့ သတင်းရေးတဲ့အခါ မမျှတမှု အသံပေါင်းစုံ မပါဘူးလို့ မြင်တာရှိတယ်။ သတင်းတခုကို မျှတအောင် သတင်းရယူခွင့်လုပ်တဲ့အခါမှာ အစိုးရသတင်းထုတ်ပြန်ချက်တွေ ယူရတာ ရှိတယ်။ ရခိုင်တိုင်းရင်းသားတွေကို မမေ့ပါဘူးရှင်။ ဥပမာ ရခိုင် တပ်မတော်နဲ့ အစိုးရ တပ်တွေ စစ်ပွဲဖြစ်ရာမှာ ရခိုင်တိုင်းရင်းသားတွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးရတာ ရှိတယ်။ မနေ့ကဖြစ်တဲ့ သတင်းတွေ မှာလည်း ရခိုင်တိုင်းရင်းသားတွေ အိမ်ထဲမှာ ပိတ်မိနေတာမျိုးတွေ ဖော်ပြတာမျိုး ရေးပါတယ်။”
အက်စသာထုဆန် - ဌာနေသတင်းထောက်၊ အေပီသတင်းဌာန

“လူမျိုးရေး တင်းမာမှုတွေလည်း ရှိနေတယ်။ အထူးသဖြင့် ၂၀၁၂ ခုနှစ် လူမျိုးရေး ပဋိပက္ခဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံတကာက ပိုစိတ်ဝင်စားလာတာပါ။ ဘယ်လိုပဲဆိုဆို လူတွေက အိုးမဲ့အိမ်မဲ့ ဖြစ်လာတော့ ကမ္ဘာက ပိုစိတ်ဝင်စားလာတာပေါ့။”
ဦးကျော်မင်း - ဥက္ကဋ္ဌ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ
DVB TV - 27.08.2017

Комментарии

Информация по комментариям в разработке