စစ်ကောင်စီ သံချပ်ကာယာဉ် တော်လှန်ရေးတပ်တွေ သိမ်းပိုက်

Описание к видео စစ်ကောင်စီ သံချပ်ကာယာဉ် တော်လှန်ရေးတပ်တွေ သိမ်းပိုက်

စစ်ကောင်စီ သံချပ်ကာယာဉ် တော်လှန်ရေးတပ်တွေ သိမ်းပိုက် (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၂၂၊ ၂၀၂၄

အာဏာသိမ်း စစ်တပ်ရဲ့ သံချပ်ကာယာဉ်တစီး၊ စစ်ကား ၂ စီး၊ ပွိုင့် ၅ သေနတ်နဲ့ လက်နက်ခဲယမ်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံ စစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်း တပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ ရုပ်သံမှတ်တမ်းတခု ပေါ်ထွက်လာပါတယ်။

တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ရက်စွဲနဲ့ နေရာ အတိအကျ မသိရသေးပေမယ့် မြဝတီမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ တက်လာတဲ့ တပ်မ (၅၅) လက်အောက်ခံ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အခုလိုသိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

သိမ်းပိုက်လိုက်တဲ့ စစ်ကားအနီးမှာ စစ်ကောင်စီတပ်သား ရုပ်အလောင်းအချို့ကိုလည်း တွေ့ရပါတယ်။

Комментарии

Информация по комментариям в разработке