နေပြည်တော်အချုပ်ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုဖြတ်သန်းနေရလဲ

Описание к видео နေပြည်တော်အချုပ်ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုဖြတ်သန်းနေရလဲ

“မီးခြစ်ဆံပုံးလေး ထောင်ထားသလိုပါပဲ။ ဒီအသက်ဒီအရွယ်နဲ့လူနေဖို့ မသင့်တော်တဲ့ အဆောက်အဦးမှာ ထားတယ်လို့ပဲ ပြောရမှာ”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်ထဲက သေးငယ်လှတဲ့ အဆောက်အဦတစ်ခုမှာ ပင်ပန်းဆင်းရဲစွာနဲ့ ဖြတ်သန်းနေရတယ်လို့ အဲ့ဒီအချုပ်ထောင်ထဲမှာ ၁၈လကျော်ကြာ နေထိုင်ခဲ့ရပြီး မကြာသေးခင် လပိုင်းကမှ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူက Myanmar Now ကို ပြောပါတယ်။

နေပြည်တော်အချုပ်ထောင်ထဲက အသက် ၇၈နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ တော်လှန်ရေးမှာပါဝင်နေတဲ့လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးဂုဏ်ယူတယ်ဆိုပြီး ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်ရဲ့ ပြောကြားချက်ကကော မှန်ကန်ပါရဲ့လား။

ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ အချုပ်ထောင်အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၃ကြိမ်၊ သမ္မတဦးဝင်းမြင့်နဲ့ ၁ကြိမ် တွေ့ဆုံခွင့်ရခဲ့သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက အချုပ်ထောင်တွင်း သူရှိနေစဉ်အတွင်း သိရှိခဲ့ရတဲ့ အခြေအနေတွေကို ပြောပြထားပါတယ်။

မေးမြန်း၊ တင်ဆက် - စထွန်းအောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe... နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Комментарии

Информация по комментариям в разработке