တိုက်ပွဲအောင်နိုင်ခဲ့တဲ့ ရဲဘော်တွေကို ပြည်သူ ၃ ထောင်ကျော်က အိုးစည်ဗုံးမောင်းတီးပြီး သပြေပန်းနဲ့ကြို

Описание к видео တိုက်ပွဲအောင်နိုင်ခဲ့တဲ့ ရဲဘော်တွေကို ပြည်သူ ၃ ထောင်ကျော်က အိုးစည်ဗုံးမောင်းတီးပြီး သပြေပန်းနဲ့ကြို

တိုက်ပွဲအောင်နိုင်ခဲ့တဲ့ ရဲဘော်တွေကို ပြည်သူ ၃ ထောင်ကျော်က အိုးစည်ဗုံးမောင်းတီးပြီး သပြေပန်းနဲ့ကြို

မြိုင်၊ ဩဂုတ် ၂၃၊ ၂၀၂၄။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်ကထွက်လာတဲ့ စစ်ကြောင်းကိုတိုက်ခိုက်ပြီး ပြန်လာတဲ့ရဲဘော်တွေကို ဒေသခံတွေက အိုးစည်ဗုံမောင်းတီးပြီး သပြေပန်းနဲ့ကြိုဆိုဂုဏ်ပြုကြတယ်လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF ဆီက သိရပါတယ်။

ယမန်နေ့ ဩဂုတ် ၂၂ ရက် မနက်ပိုင်းမှာ မြိုင်မြို့နယ်အတွင်း ရွာ ၆ ရွာက ဒေသခံပြည်သူ ၃ ထောင်ကျော်က ကြိုဆိုဂုဏ်ပြုကြတယ်လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF တပ်ရင်းရုံးက ရုံးအုပ် ရဲဘော် ကိုချစ်က ပြောပါတယ်။

ဒါ့အပြင် ကျေးရွာဓလေ့ထုံးစံတွေအရ အစားအစာတွေကျွေးမွေးတာ၊ ဖုန်းဘေလ်ထည့်ပေးတာတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ MVRF တပ်ရင်း တပ်ရင်းမှူးကနေပြီးတော့ လာရောက်ကြိုဆိုတဲ့ ပြည်သူလူထုကို တော်လှန်ရေးနဲ့ပတ်သက်တဲ့ အခင်းအကျင်းအခြေအနေတွေ၊ ရှေ့ဆက်သွားရမဲ့လုပ်ငန်းစဉ်တွေ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်သုံ့ပန်း ၅ ဦးဖမ်းဆီးရရှိပြီး ဂျနီဗာကွန်ဗန်းရှင်းပါအချက်အလက်တွေတိုင်း လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားသလို ဒဏ်ရာရရှိတဲ့သူတွေကိုလည်း ကောင်းမွန်စွာဆေးကုပေးထားပြီး စစ်ကောင်စီစစ်သား ၁၂ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#တိုက်ပွဲနိုင် #MVRF #ရဲဘော်များ #ပြည်သူ #ကြိုဆို

Комментарии

Информация по комментариям в разработке