လုံခြုံရေးတင်းကျပ်ထားတဲ့ မန္တလေးက သပိတ်ခေါင်းဆောင် - BBC News မြန်မာ

Описание к видео လုံခြုံရေးတင်းကျပ်ထားတဲ့ မန္တလေးက သပိတ်ခေါင်းဆောင် - BBC News မြန်မာ

"တော်လှန်ရေးဆိုတာကတော့ဗျာ....အရင်းအနှီး အထိအခိုက်များစမြဲဆိုတာတော့ကျွန်တော်တို့ သိပြီးသားပါ။ ဒီသုံးနှစ်ခွဲ အတွင်းကြည့်လိုက်ပါ။ လူထုတိုက်ပွဲနဲ့ စစ်ရေးတိုက်ပွဲ​ဟန်ချက်ညီညီ ပေါင်းစပ်နိုင်ခဲ့လို့ တော်လှန်ရေးက ဒီအထိ ရောက်ခဲ့တာ။ ဒါကြောင့် လူထုအများ ပါဝင်နိုင်တဲ့ သပိတ်စုံလှုပ်ရှားမှုတွေနဲ့ end state (အဆုံးသတ်တိုက်ပွဲ) ကိုသွားနိုင်မယ်လို့ယုံကြည်ပါတယ်"

ဒေါက်တာတေဇာစန်း
မန္တလေးသပိတ်ခေါင်းဆောင်

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းဟာ မန္တလေးမြို့ရဲ့ အထင်ကရနေရာတွေမှာ သပိတ်စုံလှုပ်ရှားမှုကို ပြုလုပ်ခဲ့တဲ့ ဓာတ်ပုံတွေကိုသူ့ရဲ့လူမှုကွန်ရက်မှာ ထုတ်ဖော်တင်ပြခဲ့ပြီး သပိတ်စုံလှုပ်ရှားမှုမှာအရှိန်မြှင့်ပါဝင်ဖို့ တိုက်တွန်းထားပါတယ်။ တိုက်ပွဲတွေကြောင့် လုံခြုံရေးတင်းကျပ်ထားတဲ့မန္တလေးမြို့ကို ဘယ်လိုဝင်ရောက်ခဲ့ပါသလဲ။ စစ်ရေးနဲ့ လူထုသပိတ်တွေ ဘာကြောင့် ချိတ်ဆက် အရှိန်မြှင့်လှုပ်ရှားဖို့ နှိုးဆော်ခဲ့တာပါလဲ။ သပိတ်လှုပ်ရှားမှုတွေမှာ လူထု ပါဝင်တဲ့အခါ အထိအခိုက်နည်းမယ့် နည်းလမ်းတွေကိုရော ထည့်သွင်းစဥ်းစားထားပါသလဲ။ ဒေါက်တာတေဇာစန်း ပြောကြားချက် ရုပ်သံမှာကြည့်ပါ။
#ဘီဘီစီမြန်မာပိုင်း #မန္တလေး #ဒေါက်တာတေဇာစန်း

Комментарии

Информация по комментариям в разработке