TNLA ထိန်းချုပ်မှုအောက်က ကမ္ဘာကျော် သတ္တုတွင်း

Описание к видео TNLA ထိန်းချုပ်မှုအောက်က ကမ္ဘာကျော် သတ္တုတွင်း

TNLA ထိန်းချုပ်မှုအောက်က ကမ္ဘာကျော် သတ္တုတွင်း(ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄

ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံးနဲ့ ဒုတိယကမ္ဘာ့အကြီးဆုံးလည်းဖြစ် တန်ဖိုးနည်း သတ္တုတွေဖြစ်တဲ့ သွပ်၊ ခဲ၊ ငွေနဲ့ ကြေးနီ သတ္တုတွေ ထွက်ရှိရာ ဘော်တွင်း သတ္တုတွင်းစီမံကိန်းဟာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်မှုအောက်ကို ရောက်ရှိခဲ့ပါပြီ။

နမ္မတူ သတ္တုတွင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ တည်ရှိပြီး အဆိုပါ မြို့နယ်ကို TNLA က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က အပြီးသတ် သိမ်းပိုက်ခဲ့ပြီး နမ္မတူ သတ္တုတွင်းကိုပါ သိမ်းပိုက် ထိန်းချုပ်ခဲ့တာပါ။

နမ္မတူမြို့ အနောက်ဘက် ၁၄ မိုင်အကွာမှာရှိတဲ့ ဘော်တွင်းဒေသ သတ္တုရိုင်းတွင်းနဲ့ ကျားစခန်းထဲမှာ TNLA တပ်တွေ နေရာယူ လှုပ်ရှားနေတာကို တွေ့ရပါတယ်။

အဆိုပါ သတ္တုတွင်းကို Asia World ကုမ္ပဏီရဲ့ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်တဲ့ ဝင်းမြင့်မိုရ်ကုမ္ပဏီ က လည်ပတ်နေတာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲမဖြစ်ပွားခင် တလလောက်က ရပ်နားလိုက်တာ လို့ ဝန်ထမ်းတွေက ပြောပါတယ်။ ဝန်ထမ်းတွေကိုတော့ ဝင်းမြင့်မိုရ်ကုမ္ပဏီက လစာပုံမှန် ပေးနေဆဲ ဖြစ်ပါတယ်။

ဝင်းမြင့်မိုရ်ကုမ္ပဏီဟာ ဘော်တွင်းဒေသရှိ တောင်တန်းတွေကို ဖြိုချပြီး သတ္တုရိုင်းတွေကို အဆင့်ဆင့် သန့်စင်ကာ သတ္တုရိုင်း အချောထည်အဖြစ် တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတာပါ။ လက်ရှိအချိန်အထိ ဘော်တွင်း သတ္တုတွင်းကနေ ငွေ၊ ခဲ၊ သွပ် သတ္တု အမျိုးအစားတွေ အဓိက ထွက်ရှိနေဆဲ ဖြစ်ပါတယ်။

ဒေသခံ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဘော်တွင်းဒေသ အနီးမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်တွေလဲ တပ်ချလှုပ်ရှားနေပြီး TNLA နဲ့ ပွတ်တိုက်မှုတချို့ ရှိနေကြောင်း ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လထဲမှာ ဩစတေးလျ အခြေစိုက် Myanmar Metals Limited က နမ္မတူမြို့နယ်က ဘော်တွင်းသတ္တုတွင်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ သူတို့ ရှယ်ယာတွေကို ပြန်လည်ရောင်းချပြီး စီမံကိန်းက နုတ်ထွက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ရှယ်ယာတွေကို ဝင်းမြင့်မိုရ်ကမ္ပဏီထံ အမေရိကန်ဒေါ်လာ သန်း ၃၀ နဲ့ရောင်းချသွားခဲ့တာပါ။

ဘော်တွင်းသတ္တုမိုင်းကို ၁၄၁၂ ကနေ ၁၈၅၀ ခုနှစ်လောက်အထိ တရုတ်တွေ ဝင်ရောက်ကာ လိုဏ်ခေါင်းတွေ တူးဖော်ပြီး ငွေစင် သီးသန့် ချက်လုပ်ခဲ့တာပါ။ ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရ လက်ထက်မှာတော့ ဘားမားမိုင်းလီမိတက် (Burma Mine Co.ltd) ကို တည်ထောင်ကာ ဘော်တွင်းမှာ မာမီယံရှပ်ခေါ် မြေစိုက်တွင်းစနစ်နဲ့ မြေအောက်အနက် ပေပေါင်း ၁၂၀၀ ကျော် အထိ အခန်းများဖွဲ့ပြီး တူးဖော်ရာ အထပ် ၁၂ ထပ်ရှိတဲ့ သတ္တုမိုင်းကြီး ဖြစ်ပါတယ်။

နမ္မတူမြို့အပါအဝင် ဘော်တွင်းဒေသကို TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း တလအကြာ တိုက်ခိုက်ပြီး သိမ်းပိုက် ထိန်းချုပ်လိုက်တာပါ။ အဲ့ဒီဒေသ မကျဆုံးရေး အတွက် အာဏာသိမ်း စစ်တပ်က မြေပြင်၊ ဝေဟင် အင်အားသုံး ခုခံတိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ TNLA လက်အောက် ကျရှုံးခဲ့ပါတယ်။

လက်ရှိမှာ TNLA ဟာ နမ္မတူမိုင်းတွင်းကို ထိန်းချုပ်ထားသလို နမ္မတူမြို့ကိုလည်း ထိန်းချုပ်ထားပြီး မြို့ပေါ်က အုပ်ချုပ်ရေး ယန္တရားတွေကိုလည်း အသက်သွင်း စတင်နေတာကို တွေ့ရပါတယ်။ မြို့ပေါ်မှာ တယ်လီဖုန်းလိုင်းနဲ့ လျှပ်စစ်မီးတွေလည်း ပြန်လည် လည်ပတ်နေသလို မြို့ပေါ် စျေးတချို့လည်း ပြန်လည် သက်ဝင်လာနေတာကို တွေ့ရပါတယ်။

ဒါပေမယ့် မြို့ခံတွေကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ရှိလာမှာကို စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

Комментарии

Информация по комментариям в разработке