တောနက်ထဲကဖြတ်သွားပြီး ဖူးမျှော်ခဲ့ရတဲ့ ကျိုက်စွန်ပါစေတီတော်

Описание к видео တောနက်ထဲကဖြတ်သွားပြီး ဖူးမျှော်ခဲ့ရတဲ့ ကျိုက်စွန်ပါစေတီတော်

ကျိုက်စွန်ပါစေတီတော်ကတော့ ဒေးစွန်ပါတောင်တော်ရဲ့တစ်ဖက် တောအုပ်ထဲက တောင်ထွဋ်တစ်ခုပေါ်မှာ တည်ထားတဲ့ စေတီတော်တစ်ဆူပဲဖြစ်ပါတယ်။ ဒေးစွန်ပါတောင်တော်ကို ရောက်ဖူးကြပေမယ့်လည်း ကျိုက်စွန်ပါစေတီတော်ရှိတဲ့ တောင်ကိုတော့ သွားရောက် ဖူးမျှော်သူ နည်းပါးပါတယ်။ တောလမ်းခရီးကိုဖြတ်ပြီးသွားရတာရယ်၊ ခရီးဝေးလွန်းတာရယ်ကြောင့် ကျိုက်စွန်ပါစေတီတော်ကြီးကို သွားရတဲ့ ခရီးစဉ်ဟာ တကယ့်ကိုပင်ပန်းပြီး၊ သွားရတာလည်း ပျော်စရာကောင်းပါတယ်။ ကျိုက်စွန်ပါကိုသွားတဲ့လမ်းမှာ လမ်းခရီးတစ်လျှောက် မြင်တွေ့လိုက်ရတဲ့မြင်ကွင်းတိုင်းက လှပလွန်းတာကြောင့် တကယ့်ကို ရင်သပ်ရှုမောစရာ ကောင်းလွန်းလှပါတယ်။ ကျိုက်စွန်ပါတောင်တော်ပေါ်ရောက်တဲ့အခါမှာလည်း ထူးဆန်းတဲ့နေရာတွေ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နေရာဌာနတွေနဲ့ သဘာ၀လွန် ဂမ္ဘီရကျင့်စဉ်ထူးတွေကို ကျင့်ကြံနေတဲ့ ထူးဆန်းတဲ့ ဆရာတော်ကြီးတစ်ပါးကိုလည်း ဖူးတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပါတ်မှာ ကျွန်တော့်ရဲ့ YouTube Channel ကို ကြည့်ရှုအားပေးနေကြတဲ့ ပရိသတ်တွေ ကုသိုလ်လည်းရ၊ ဗဟုသုတလည်းရရှိစေဖို့အတွက် ကျိုက်စွန်ပါစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမျှော် ခဲ့တဲ့ ခရီးစဉ် vlog လေးကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

Комментарии

Информация по комментариям в разработке