Oak Aw Podcast - ကရင်နီနဲ့ ကိန္နရာ

Описание к видео Oak Aw Podcast - ကရင်နီနဲ့ ကိန္နရာ

🎙️ဥဩရဲ့ ကရင်နီနဲ့ ကိန္နရာ

ယနေ့ည မြန်မာစံတော်ချိန် ည (၈:၃၀) မှာ အပတ်စဉ်ထုတ်လွှင့်နေကြဖြစ်တဲ့ “Oak Aw Podcast” ရဲ့ “ကရင်နီနဲ့ ကိန္နရာ” အကြောင်းကို နားဆင်ရမှာဖြစ်ပါတယ်။

ကရင်နီဟာ စကစကို တော်လှန်နေတဲ့ခရီးမှာ အတော်လေး အရွေ့ကောင်းကောင်းနဲ့ ချီတက်နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ မြေပြင်မှာ ညီညွတ်ရေးကို အတိုင်းတာတစ်ခုထိ ဖော်ဆောင်ထားနိုင်ခဲ့တာမို့ တိုးတက်ပြောင်းလဲမှုများစွာကိုလည်း ဒီ (၃) နှစ်တာခရီးမှာ အားလုံး မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။

အဆိုပါ ကရင်နီနဲ့ မမတို့မှာ ချိတ်ဆက်မှုများစွာရှိပါတယ်။ မမများနဲ့ ပွဲကမယ် ရဲ့ ပထမဆုံးပရောဂျက်ဟာ ၂၀၂၂ မေလမှာ ကရင်နီနဲ့ အစပြုခဲ့တာဖြစ်ပါတယ်။ ပထမဆုံး ပို့ဆောင်ခဲ့တဲ့ မမတွေဟာ အဲ့အချိန်ကတည်းက ခုချိန်ထိ ပွဲပေါင်းများစွာ ကနေခဲ့ပြီး ရလာဒ်ကောင်းများစွာ ဖော်ဆောင်ခဲ့ပြီးဖြစ်သလို၊ ဆက်လက်ပြီးလည်း ဖော်ဆောင်နေဦးမှာဖြစ်ပါတယ် (မြေပြင်သတင်းထုတ်ပြန်ရေးတာကတော့ မမတွေလက်ဝယ်ယူထားတဲ့ KNDF ဗဟိုမှ တာဝန်ရှိသူများရဲ့ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပါတယ်)

ဒါ့အပြင် ၂၀၂၃ ဇူလိုင်လမှာ WLMF၊ The PDF Game နဲ့ နိုင်ငံတကာ Fundraiser များပူးပေါင်းပြီး ပြည်သူ့အားနဲ့ ကရင်နီအတွက် “ကိန္နရာခွဲစိပ်ဆေးရုံ” ကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ပြီး ခုချိန်ထိဆို ပြည်သူပေါင်း (၁၅,၅၈၀) ကျော်ကို ကုသပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အဆိုပါကိန္နရာဆေးရုံနဲ့ ပတ်သတ်လို့ မြေပြင်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ် (၃) ဦးကို ဖိတ်ကြားထားပြီး “ကရင်နီနဲ့ ကိန္နရာ” အကြောင်း အတူတူပြောကြ၊ နားဆင်ကြည့်ကြရဖို့ စီစဉ်တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

ပါဝင်ထားကြသူတွေကတော့..
• ဒေါက်တာဖြိုးသီဟ
• ကေတူး (K2)
• ဒေါက်တာအမရာ
• တန်ခူး တို့ဖြစ်ပါတယ်။

📌 ယနေ့ည #WESUPPORTMM ယူကျူချန်နယ်ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်..

#OakAwPodcast 🕊️
#TheKey
#UnlockYourFuture

#မမများနဲ့ပွဲကမယ် 💃🏻💃🏻

Комментарии

Информация по комментариям в разработке