Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Описание к видео Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့် ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားအလုပ်သမား ၁၂၉ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က နေရပ်ပြန်နိုင်ရေး စီမံဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။

မန္တလေးမြို့တွင်း “နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်နဲ့ “ဆင်ဖြူတော်” ငွေလွှဲလုပ်ငန်းတို့ကို ဓားပြတိုက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မိုးအောင်နဲ့ ကျော်စိုးလွင်တို့ဟာ ကောင်းကင် PDF တပ်ဖွဲ့နဲ့ လုံးဝသက်ဆိုင်ခြင်း မရှိဘူးလို့ တပ်ဖွဲ့ တာဝန်ခံ ကောင်းကင်ကြီးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်က ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထား ကိုးကွယ်ရာ မဟာသိမ်တော်ကြီးဘုရားကျောင်းဝင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးတွေ အဆက်မပြတ်ကျဲချတဲ့အတွက် ဘုရားနဲ့ ကျောင်းပရဝဏ်ဝင်းတစ်ခုလုံး အလုံးစုံပျက်စီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Комментарии

Информация по комментариям в разработке