ငွေဝန်းသော်တာ တေးရေး - ဂီတနက်သန်ကိုစောညိန်း တေးဆို - ဝင်းဦး

Описание к видео ငွေဝန်းသော်တာ တေးရေး - ဂီတနက်သန်ကိုစောညိန်း တေးဆို - ဝင်းဦး

၁၉၈၇ခုနှစ်မှာထုတ်ဝေခဲ့တယ်လို့ အမှတ်အသားအရသိရတဲ့ ငွေဝန်းသော်တာ သုံးရာသီအဖော်မွန်သီချင်းများကက်ဆက်ခွေထဲက ခေါင်းစဉ်သီချင်း ငွေဝန်းသော်တာ။ ဦးဦးအသက်၅၀ကျော်မှဆိုခဲ့တဲ့သီချင်းခွေ၊ သူမြတ်နိုးတဲ့ဂီတ၊ သူမြတ်နိုးတဲ့သီချင်းတွေကိုရွေးထုတ်ပြီး ရင်ဘတ်ကြီးနဲ့ဆိုခဲ့တယ်လို့ပြောလို့ရတဲ့ သီချင်းတွေ တေးဂီတ ဂီတာဦးအုန်းလွင်အဖွဲ့၊ စန္ဒရားလှထွဋ်အဖွဲ့နဲ့ စန္ဒရားတင်ဝင်းလှိုင်အဖွဲ့ တို့ ပါဝင်အားဖြည့်ပေးထားတဲ့ ငွေဝန်းသော်တာကို နှလုံးသားနဲ့ နားဆင်ကြည့်ကြပါ။

ငွေဝန်းသော်တာ
တေးရေး - ဂီတနက်သန်ကိုစောညိန်း
တေးဆို - ဝင်းဦး

ငွေမှင်ရည်ခြယ်လို့ မှုန်းကာ မှုန်းကာ သင်္ခါ..စန္ဒြ ယုန်ငွေလ မြပုဏ္ဏမာ
မိုးပြာ၊ နီလာရောင်သန်း၊ တိမ်တိမ်နန်း ဂွမ်းဆိုင်လွှာထက် သာရက်ပေ့ သီတဂူဆွေ
လင်းရောင်ခြည်၊ ယှက်ခါသာဝေ၊ တစ်မြို့စီနေ၊ တမြေစီခြား၊ ချစ်သူထံအား မှာကြားပါရစေ
ပြောလိုက်ပါ့ ငွေဝန်းသော်တာရေ သော်တာရေ သည်မောင်မှာဖြင့် အော် ဆွေးမပြေ၊
လဲ့လဲ့ဝင်း လမင်းသာသာ မှိုင်းပြာပြာဝေ မြင်လာစမ်းပါ့ မျှော်ကာမှန်းကာ လွမ်းရဖြေလဲမပြေ။

ငွေဝန်းရယ် ဝန်းရယ်သော်တာ ယုန်စန္ဒာအား ရှုစားတော့ကွယ်လေ၊
ငွေလွှာစက်ဝိုင်း ထက်ပိုင်းပြတ်ကြွေ မောင့်အသည်းလို ကွဲကာသာနေ၊ မောင့်နှလုံးသို့ ပြုံးကာသာကြေ၊
တဖြည်းဖြည်း ဖြတ်သန်း ညိုရိပ်မှောင်လွှမ်းပါလို့ လခြမ်းပဲ့ငွေယာဉ်သာလေ၊ ကွယ်သည့်နှယ် တူရောင်ရောင်နေ၊ ရွှေရွှေရင်ထဲ ကြေကွဲခဲ့စေပြီမေရေ၊ အသည်းဘဝင်ကျွမ်း လွမ်းတမြေ့မြေ့ ကြွေပြီထင်ပေါ့လေ။

Комментарии

Информация по комментариям в разработке