Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Описание к видео Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် စစ်ကောင်စီက သူတို့ရဲ့ မောင်တောမြို့ ၊ ၄ မိုင်အခြေစိုက် နယ်ခြားစောင့်တပ် နခခ ၂ ကို လေယာဉ်နဲ့ ဗုံးပြန်ကျဲမှုကြောင့် စစ်ကောင်စီဘက်တော်သား အယောာက် ၅၀ ကျော်ဟာ အသီးသီး သေကုန်ကြတဲ့အပြင် ၊ ဒဏ်ရာရတဲ့သူတွေလည်း တော်တော်များသားတဲ့ မှတ်တမ်းတွေကို အာရက္ခ တပ်တော် AA က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီက ပြင်ဦးလွင်မြို့ကို ကာကွယ်ရေး အတွက်ဆိုပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၀ အထိ အမျိုးသားတွေကို ပြည်သူ့လုံခြုံရေး အဖွဲ့ ဖွဲ့ဖို့ တစ်ရပ်ကွက်ကို လူ ၁၀ ဦး စုဆောင်းပြီး ယူနီဖောင်း နဲ့ လက်နက်တပ်ဆင်ပေးမယ်ဆိုပြီးတော့ပါ လိုက်လံစည်းရုံးနေတယ်လို့ ဒေဿခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ ဒီကနေ့မှာပဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်အပြင် မုံချောင်းဆည်ကနေ ရေတွေ ဖောက်ချလိုက်တဲ့အတွက် ရုတ်တရက်ရေကြီးပြီး ပြည်သူတွေရဲ့ နေအိမ်တွေ နစ်မြုပ်သွားတာတွေနဲ့ ပိတ်မိတာတွေ ဖြစ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Комментарии

Информация по комментариям в разработке