တစ်နာရီကို မိုင်၈၀ လောက် ရေကူးနိုင်တဲ့ ငါးဘုရင်ကြီး လှေပေါ်ရောက်ပီ

Описание к видео တစ်နာရီကို မိုင်၈၀ လောက် ရေကူးနိုင်တဲ့ ငါးဘုရင်ကြီး လှေပေါ်ရောက်ပီ

ငါးဘုရင်ကြီး လှေပေါ်ရောက်ပီ😎😎

ခုတစ်ခေါက်မှာတော့ တစ်နာရီကို မိုင် ၈၀ ထိရေကူးနိုင်တဲ့

ဥာဏ်ရည်မြင့် ငါးတစ်မျိုး ဖြစ်တဲ့

ကမ္ဘာပေါ်က Angler တွေရဲ့ Target Fish (Dream Fish) ကြီး၊ ငါးဘုရင်ကြီးကို လှေပေါ်ရောက်အောင် ဘယ်လို ခက်ခက်ခဲခဲတင်ခဲ့ရလဲဆိုတာ Video လေးဆုံးအောင် ကြည့်ရှုအားပေးကြပါဦး။

Black Marlin
ငါးဂဠုန် တွေဟာ အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာရဲ့ အပူပိုင်းဒေသတွေမှာ အများဆုံးတွေ့ရတတ်တဲ့ ငါးမျိုးစိတ်တွေ ဖြစ်ပါတယ်။

ငါးကြီးမျိုးထဲမှာ ပါဝင်ပြီး ၁၅ပေကျော် အချိန် ၅၀၀ ကျော်ထိ ကြီးထွားနိုင်ကြပါတယ်။

တစ်နာရီကို မိုင် ၈၀ လောက်ထိ လျှင်မြန်စွာ ကူးခတ်နိုင်ကြပါတယ်။ သူ့ထက်မြန်အောင် သွားနိုင်တဲ့ကောင် က ငါးရွက်တိုက် Sail Fish ပဲရှိပါတယ်။

ကြွက်သား အများစုနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ကြောင့် ရေကူးမြန်တဲ့အပြင် ချိတ်မိရင် ဒေါသတကြီး ခုန်ပေါက်ပြေးလွှားပြီး ချိတ်ဖြုတ်တတ်တဲ့အတွက်

ဖမ်းရခက်ခဲလွန်းတာကြောင့် ကမ္ဘာပေါ်က Angler တွေရဲ့ Dream Fish နေရာမှာ No1 အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

အဓိက စားသောက်တဲ့ Favorite အစာကတော့ တူနာ၊ ငါးညှို့၊ ပြည်ကြီးငါး၊ ပုဇွန်၊ ရေဘဝဲ စတာတွေဖြစ်ပီး တစ်ခါတစ်ရံ ငှက်များကိုပါ အမဲလိုက်တတ်ကြပါတယ်။

Trolling ဗန်းဆွဲတဲ့အခါမှာလဲ ရေမိုင် ၄-၅မိုင်လောက်နဲ့ဆွဲရင် Marlin တွေ သိပ်အကြိုက် မတွေ့ပါဘူးဗျ။

ကျနော်တို့ ခုတစ်ခေါက်မှာတော့ ရေမိုင် 7.5 လေက်နဲ့ ဆော်ထည့်လိုက်တာ ၂ကောင် တစ်ပြိုင်တည်း ဝင်ကိုက်တော့တာပဲဗျ။

၂၀၂၄ ဖေဖဝါရီ လဆန်းပိုင်းလောက်က ပါ့ပလခရီးစဉ်မှာလဲ လေဆုန်မှာ ရေမိုင် ၈မိုင်လောက်ထိ ဆော်ကြည့်တာ ထပ်ကိုက်တာပါပဲ။

ဒါမဲ့အဲ့ကောင်ကတော့ ၁မိနစ်လောက် ဂျွန်းထိုးပြပီး ကြိုးပြတ်သွားတာပါပဲ။

ပီးတော့ ဗန်းဆွဲတဲ့အခါမှာလဲ ၁ချောင်း ၂ချောင်းလောက်ဆွဲတာထက်စာရင် ငါးချောင်း ခြောက်ချောင်းလောက်ဆွဲတာက

ငါးအုပ်လေးတွေ ရေကူးနေသလို ဖြစ်ပီး ငါးပိုထိစေပါတယ်။

ဒါမဲ့ အဲ့လိုဗန်းအရေတွက်များများ ဆွဲတဲ့အခါမှာ တစ်ခုရှိတာက ရေကူးမှန်တဲ့ ငြိမ်တဲ့ အရုပ်မျိုးတွေက ကြိုးရှုတ် သက်သာစေပါလိမ့်မယ်။

ဗန်းခြောက်ချောင်းလောက် ကြိုးလွဲရင်တော့ ၂နာရီလောက် ရှင်းပေတော့ပဲဗျ။

အရုပ်ချတဲ့အခါမှာလဲ ကြိုးကို Meter မှတ်ပီး အတိုအရှည် ချိန်ပြီးချမှသာ လှေကွေ့တာတွေမှာ ကြိုးမပါတ်မှာပဲ ဖြစ်ပါတယ်။

With loves,
MAD

Angler - အူးမိုးမြတ်၊ လေးဇော်၊ ကိုကော့ဘား၊ ကို ကြီးအောင် ၊ ကိုဘအောင် ၊ ကိုဇင်သန့်😁🤪

Edit and content - ကျော်ကို (ဖိနပ်ကြီး)🤪

Fishing ship - Fishing Flower

Location - Ngwe Saung Deep Sea

#myanmaranglerdream #fortheanglerbytheangler #myanmarfishing #fishing #marlin #blackmarlin #saltwaterfishing #trolling

Комментарии

Информация по комментариям в разработке