"စစ်ကောင်စီကို ဘာတတ်နိုင်သေးလဲဆိုပြီး အနိုင်ယူတဲ့ စိတ်မျိုးနဲ့ အိမ်ထဲ ပြန်ဝင်နိုင်ခဲ့တယ်"

Описание к видео "စစ်ကောင်စီကို ဘာတတ်နိုင်သေးလဲဆိုပြီး အနိုင်ယူတဲ့ စိတ်မျိုးနဲ့ အိမ်ထဲ ပြန်ဝင်နိုင်ခဲ့တယ်"

“ကျွန်တော့ အိမ်ရှေ့ရောက်တော့ စစ်ကောင်စီလိုကောင်မျိုးကို မင်းတို့ဘာတတ်နိုင်သေးလဲဆိုပြီး အနိုင်ယူနိုင်တဲ့ စိတ်မျိုးနဲ့ အိမ်ထဲကို ပြန်ဝင်နိုင်ခဲ့တယ်။သိပ်ပျော်စရာကောင်းတယ်။စစ်ကောင်စီလိုကောင်မျိုးတွေ သူတို့ ချိတ်ပိတ်ခဲ့တဲ့ အိမ်တွေအများကြီးဖွင့်အုံးမယ်။ပြီးရင်သူတို့အိမ်တွေကိုလည်း ပြန်ချိတ်ပိတ်အုံးမယ်။”

ကိုနွယ်နီ (မိုးကုတ်ဗျူဟာ စစ်ဦးစီးအဖွဲ့ စစ်ဆင်ရေးနှင့် မဟာမိတ်ဆက်ဆံရေးတာဝန်ခံနှင့် အမှတ် ၁၂၂၂ တပ်ရင်းတာဝန်ခံ) နှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး)က စဉ့်ကူးမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် အိမ်ကိုပြန်ခွင့်ရရှိတဲ့ တော်လှန်ရေး ရဲဘော်တွေထဲမှာ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းတာဝန်ခံ ကိုနွယ်နီလည်း ပါဝင်ခဲ့ပါတယ်။

ချိတ်ပိတ်ခံထားရတဲ့ သူ့အိမ်တံခါးကို တူနဲ့ရိုက်ဖွင့်ပြီး ဝင်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံကို လူမှုကွန်ရက် Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့ရာ ပြန်လည်မျှဝေသူ ခုနှစ်ထောင်ကျော်ရှိခဲ့ပါတယ်။

အဲဒီလို အိမ်ပြန်ခွင့်ရသူတစ်ဦးရဲ့ ခံစားချက်၊စစ်မြေပြင်အတွေ့အကြုံ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ရှေ့ဆက်လုပ်ဆောင်နေတဲ့ အကြောင်းအရာတွေကို ဆက်သွယ်မေးမြန်းတင်ဆက်လိုက်ရပါတယ်။

Комментарии

Информация по комментариям в разработке