ဝက်သားသံပုရာပေါင်း

Описание к видео ဝက်သားသံပုရာပေါင်း

ဝက်သားသံပုရာပေါင်း

ဝက်သားသံပုရာပေါင်း အလွန်စားလို့ကောင်း။ သူ့အရသာက ဘယ်လိုပြောရမလဲဆိုရင် ဝက်သားဒုတ်ထိုးကို အချဥ်ရည်လေးနဲ့တခါတည်းတွဲစားလိုက်တဲ့အရသာလိုမျိုးလေး။ ချဥ်စပ်လေးဆိုတော့ မအီပဲ အရမ်းကိုစားလို့ကောင်းပါတယ်။ ဒီနည်းလေးကို ထိုင်းပေ့ချ်တခုကတွေ့တာပါ။ မူရင်းနည်းကတော့ ထပေါင်းပေမယ်ံ့ အိစံကတော့ ဝက်သားကိုနူးအိနေတာမျိုးပိုကြိုက်လို့ မွှေးနေအောင်ပြုတ်ပြီးပြုလုပ်ထားပါတယ်။ ပါဝင်တဲ့ကုန်ကြမ်းတွေကလဲနည်းနည်းလေးနဲ့ အလွယ်တကူရနိုင်တဲ့ဟာတွေမို့ အခုပဲ ထလိုက်လုပ်ကြည့်လို့တောင်ရတယ်နော်။ အော်... ကြာပါတယ် Video လေးကို ကြည့်ပြီး လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဝက်ပေါင်သား - ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ ကြက်သွန်ဖြူ - ၆ မွှာ
၃။ ငရုတ်သီးစိမ်းအနီတောင့် - ၇ တောင့်
၄။ နံနံပင် - ၁၀ ပင်
၅။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ ငါးငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
၇။ ရှာလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ သံပုရာသီး - အသေး ၁ လုံး (သို့) အကြီး ၁ ခြမ်း
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)

Комментарии

Информация по комментариям в разработке