ကြာဇံချက် (Glass Noodle Soup)

Описание к видео ကြာဇံချက် (Glass Noodle Soup)

ကြာဇံချက်-ချက်ရတာလွယ်ကူပါတယ် ပါဝင်ပစ္စည်း​တွေကိုအဆင်သင်လုပ်ထားရမှာကသာအချိန်ယူရတာပါ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ​ကြက်ပြုတ်​ရေထဲကို တခုပီးတခုထည့်လိုက်ရတာပါဘဲ, ဦးနိုင်ချက်တာက​တော့ငါးကြင်းကိုပြုတ်ပီးအသားနွင်ထည့်​တော့ပြစ်ပြစ်နှစ်နှစ်နဲ့စားလိုအင်မတန်​ကောင်းပါတယ်
ဦးနိုင်လူပျိုဘဝက​မွှေး​နေ့နှစ်တိုင်လိုလိုလုပ်ဖြစ်​တော့ သူငယ်ချင်း​တွေ​တောင်းဆိုကြတာ ကြာဇံချက်နဲ့​ကော်ရည်ပါဘဲ,ကြက်သားအပြင်း​ခြေ​ထောက်,အ​တောင်ပံကြိုက်ရင်လည်းထည့်လိုရပါတယ်,ငါးဖယ်​လေးလည်း​လေး​ထောင့်တုံး​လေး​တွေလှီးထည့်ထား​တော့စားလိုက်ရင်အလုတ်တိုင်းလိုလိုအသားဖတ်​တွေကြီးပါဘဲ,ပန်း​ခြောက်က​တော့လုပ်ရတာကြာ​ပေမဲ့ စားလို့အရသာရှိ​တော့ ချက်တိုင်းမပါမဖြစ်ပါဘဲ, ဘဲဥကိုလှီးထည့်​တော့ဟင်းရည်ပြစ်တယ်အ​ရောက်လှတယ် အရသာပိုရှိတယ်​ပေါ့,အခုလိုမိုးရာသီမှာ​တော့ ​ရှောက်သီးသုပ်​လေးနဲ့ဆိုလုံးဝကွက်တိပါဘဲ,နားမလည်တာရှိရင် cb မှာလာ​မေးဖို့ကြိုဆိုပါတယ်ဗျာ။


ပါဝင်ပစ္စည်းများ
-ပဲကြာဇံ = ၃၀သား
-ကြက်သားရင်ပုံ =၅၀ သား
-ငါးဖယ်ခြစ် =၁၅ကျပ်သား
-ငါးကြင်း =၃၀သား
-ငုံးဥ =၃၀ လုံး
-ဘဲဥ =၇လုံး
-ပဲလိပ် =၅ကျပ်သား
-ပန်း​ခြောက် =၁၀သား
-ကြွက်နားရွက်မှို =၅ကျပ်သား
-ကြက်သွန်နီ =၁၀လုံး
-ကြက်သွန်ဖြူ =၂လုံး အကြီး
-ဂျင်း =၂ဆစ်
-အ​ရောင်တင်မှုန့် =၅ စားပွဲဇွန်း
-ကြက်သားမှုန့် =၅စားပွဲဇွန်း
-ငါးငံပြာရည် = ၅စားပွဲဇွန်း
-ဆား =၃စားပွဲဇွန်း
-သကြား =၃စားပွဲဇွန်း
-နနွင်းမှုန့် =၁ လက်ဖက်ရည်ဇွန်း
-ဆီ(ပုဇွန်နှစ်​ကောင်)=၁၅ကျပ်သား


ဦးနိုင်ရဲ့ YouTube Channel ကို Subscribe လုပ်ပီး Notification​ခေါင်း​လောင်း​လေးနှိမ့်သွား​ပေးကြပါလို့​တောင်းဆိုချင်ပါတယ်ဗျာ။


Oo Naing အစားတလိုင်း_Youtube Channel
   / oonaingasartalinecookingandeating  

Oo Naing အစားတလိုင်း_FaceBook Page
  / oonaingg  

Oo Naing အစားတလိုင်း_Instagram page
  / oonaingasartaline  

Oo Naing A Sar Ta Line ကိုဝင်​ရောက်ကြည့်ရှု့သူပရိတ်သတ်များအားလုံးကျန်းမာချမ်းသာ ​ဘေးဘရာ​ဝေးကွာကြပါ​စေဗျာ။

Комментарии

Информация по комментариям в разработке