ကြောင်သားတောချက်နဲ့ ကျေးလက်ထမင်းဝိုင်း

Описание к видео ကြောင်သားတောချက်နဲ့ ကျေးလက်ထမင်းဝိုင်း

ဧရာဝတီတိုင်းက ကရင်ရွာလေးတစ်ရွာမှာ ကြောင်သားချက်စားကြတဲ့ မှတ်တမ်းဗီဒီယိုပါ။ ကြောင်သားက အတော်ချိုပါတယ်။ ဟင်းချက်တဲ့ အိုးသူကြီးအဘ ပြောတာကတော့ ကြောင်ဝါသားက တခြားကြောင်တွေထက် ပိုနူးညံ့တယ် တဲ့။ တစ်နှစ်သားလောက်ဆိုရင် အခေါက်အိအိလေးနဲ့ အတော်စားကောင်းတယ်ပြောတယ်။ အခုကြောင်ကြီးကတော့ ခွေးပေါက်အရွယ်လောက်နီးနီး သုံးပိဿာလောက်ရှိတဲ့ ကြောင်ဝါကြီး။ အဲဒီ ကံဆိုးသူ မောင်ကြောင်ဝါကတော့ ခရစ်စမတ်အခါသမယမှာ ကြောင်အချင်းချင်း ကိုက်မိလို့ နာသွားရာကနေ ခရစ်စမတ်ဟင်းပွဲအဖြစ်နဲ့ ဟင်းအိုးထဲရောက်သွားရှာပါတယ်။

ဟင်းချက်နည်းကလည်း ရိုးရိုးရှင်းရှင်းပါပဲ။ သုံးပိဿာလောက် ကြောင်ဝါကြီးကို အမွေးတွေကျွမ်းအောင် မီးမြှိုက်ပြီး ရေစင်အောင် ဆေးပါတယ်။ သူ့ဗိုက်က အဆီပြင်ကို ဒယ်အိုးထဲမှာ အဆီထုတ်ပြီး ငရုတ်သီး၊ ကြက်သွန်အဖြူအနီနဲ့ မဆလာ ရောထောင်းထားတာကို ကြောင်ဆီနဲ့ပဲ ဆီသတ်ပါတယ်။ အသားတွေကို အနေတော်အရွယ်တွေ တုံးတစ်ပြီးတဲ့နောက် ဆီနည်းနည်းနဲ့ ဆားထည့်နယ်ထားတာကို ငရုတ်သီးဆီသတ်အိုးထဲမှာ ထည့်ပြီးလုံးထားလိုက်တာပဲ။ အသားလေးတွေကျစ်လာတော့ စပါးလင် သုံးပင်ကို လက်နဲ့ပဲ ခြေမွှပြီး ထည့်ပါတယ်။ ပြီးတော့ ဆုံဆေးရေ တစ်ဆုံစာနဲ့ ဟင်းနူးတဲ့အထိ ချက်တာပါ။

ဒီမှတ်တမ်းက ဟင်းချက်နည်းကို အဓိကထားပြီး ပြတာမဟုတ်ပါဘူး။ ကျေးလက်ဒေသတစ်ခုက ပကာသနကင်းတဲ့ ခရစ်စမတ်ထမင်းဝိုင်းလေး တစ်ခုကို ကြုံတုန်းမှတ်တမ်းတင်ထားတာပါ။

#CatRecipe#junglefood#ChristmasLunch

=======
Our YouTube Videos
https://www.youtube.com/@okkfoodsolut...

-------------------
Catering
https://okkfoodsolution.wordpress.com...
https://online.fliphtml5.com/evafh/vzht/ https://okkfoodsolution.wordpress.com...

-------------------
Consulting & Training
https://okkfoodsolution.wordpress.com...

-------------------
Menu Engineering
https://okkfoodsolution.wordpress.com...

-------------------
Sharing
https://okkfoodsolution.wordpress.com...
https://okkfoodsolution.wordpress.com...

Комментарии

Информация по комментариям в разработке