ကေလာသတောင်ထိပ်အောင်စိတ်နဲ့ကုသိုလ်ယူ

Описание к видео ကေလာသတောင်ထိပ်အောင်စိတ်နဲ့ကုသိုလ်ယူ

​ ​ကေလာသစေတီတော် သည် တောင်စွန်းမြို့တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ ကျိုက်ထီးရိုးတောင်၏ အနောက်တောင်ဘက် တောင်စွန်းရွာအနီးတွင် တည်ရှိသည်။မြတ်စွာဘုရား ပွင့်တော်မူချိန် ဖြစ်၏။ ထိုအချိန်တွင် သုဝဏ္ဏဘုမ္မိတိုင်း၌ တိဿဓမ္မမင်းသည် စိုးစံ၏။ သာသနာနှစ် ၁၁၀ ပြည့်နှစ်တွင် မြတ်စွာဘုရားသည် သုဿဏ္ဏဘုမ္မိတိုင်းသို့ ကြွလာခဲ့၏။ ထို့နောက် မြတ်စွာဘုရားသည် ခုနစ်ရက်တိုင်တိုင် တရားဟောကြားလေ၏။တရားဟောကြားပြီးနောက် ဂစ္ဆဂိရိတောင်မှ တိဿရသေ့၊ ဗန္ဓဝဂီရိတောင်မှ သီဟရသေ့၊ ကေလာသတောင်မှ ကေလာသရသေ့တို့ကို ဆံတော်နှစ်ဆူစီ ပေးသနားတော်မူခဲ့၏။ ကေလာသရသေ့သည် ဆံတော်တစ်ဆူကို နေထိုင်သီတင်းသုံးသည့် ကေလာသတောင်တွင် ဌာပနာကို စေတီတည်ခဲ့၏။ ထိုကေလာသရသေ့သည် ကွယ်လွန်သည့်အခါ ဆံတော်တစ်ခု ကျန်ခဲ့၏။ ထိုကျန်ခဲ့သည့် ဆံတော်တစ်ခုနှင့်အတူ တိဿရသေ့သည် မိမိ၏ ဆံတော်နှစ်ဆူနှင့်အတူ ကျိုက်ထီးရိုးဘုရားတွင် ဌာပနာထည့်ကာ စေတီတည်ခဲ့၏။

Комментарии

Информация по комментариям в разработке