Chicken Biryani(ကြက်သားဒံ​ပေါက်)

Описание к видео Chicken Biryani(ကြက်သားဒံ​ပေါက်)

ဒီ​နေ့​တော့ရိုးရိုး​လေးနဲ့မြန်မြန်ချက်စားလို့ရတဲ့ဒံ​ပေါက်ချက်နည်း​လေးတင်​ပေးလိုက်ပါတယ်,အားလုံးလဲကြိုက်ကြမယ်ထင်ပါတယ်
ဦးနိုင်က​တော့ကိုယ်ဟာကိုချက်ကိုယ့်ဘာသာစားပီး​ကျေနပ်​နေပြီ​လေ,ကြက်သားက​တော့ဒံ​ပေါက်ကြက်ကိုဘဲသုံးထားပါတယ်,အရသာနယ်ပီးနှပ်တဲ့​နေရာမှာအသားကိုလည်းအရသာဝင်​အောင်နယ်မယ်,နူးအိ​နေဖို့လည်း
ကြာကြာနယ်​​ပေးရပါမယ်,ထမင်းနဲ့​ရောသွားတဲ့အချိန်မှာအရသာကွက်တိဖြစ်ဖို့ကြက်သားချက်ပီးလိုရပြီဆိုရင်အရသာမြည်းကြည့်ဖို့လိုပါတယ်,ထမင်းချက်တဲ့​နေရာမှာလည်း​ရေငှဲ့ရင် ဆန်ရဲ့ သုံးပုံတပုံ အ​စေ့ကျန်တဲ့ချိန်မှာငှဲ့မှဆန်သား​လေးကရှည်ရှည်​ကော့​ကော့​​လေးဖြစ်​နေမှာပါ,ချက်ပြုတ်ပုံအဆင့်ဆင့်ကိုအ​သေးစိတ်​ပြောပြထားတာ​ကြောင့်နားလည်သ​​ဘောပေါက်ကြမယ်ထင်ပါတယ် ကြည့်ရှု့​ပေးတဲ့တစ်ဦးချင်းစီကို​ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။



ပါဝင်ပစ္စည်းများ

-ဒံ​ပေါက်ကြက် = ၂​ကောင်
-ဆန် =၅လုံး
-​ထောပါတ် =၁၀သား
-ပဲဆီ =၅ကျပ်သား
ကြက်သားမှုန့် = ၂စပဇ
-ဆား = ၁စပဇ
-ဂျင်း = လက်နှစ်ဆစ်
-ကြက်သွန်ဖြူ =၂ လုံး
-ကြက်သွန်နီ =၁၀လုံး
-နနွင်းမှုန့် =၁/၂ လဖဇ
-ဒံ​ပေါက်မဆလာ= ၂ လဖဇ
-ဒိန်ချဥ် =အနည်းငယ်
-သစ်ကြပိုး =လက်နှစ်ဆစ်
-​လေးညင်း =၁၀ခု
-ကုလား​ဝေး =၄ရွက်
-ဖာလာ = ၁၀​စေ့
-နို့စိမ်း =၁၀သား
-ကုံကုမံ =အဝါမှုန့်အနည်းငယ်
-သီဟို​စေ့ = အနည်းငယ်
-စပျစ်​ခြောက် =အနည်းငယ်
-ပဲစိမ်း =အနည်းငယ်
-ဥနီ =အနည်းငယ်
-ပူတီနံ =အနည်းငယ်




ဦးနိုင်အစားတလိုင်းကမိတ်​ဆွေများ YouTube Channelမှာ Subscribe နဲ့ Notification​​ခေါင်း​လောင်းလေးနှိမ့်ပီးအား​ပေးပါအုံးလို့​​မေ တ္တာရပ်ခံပါတယ်ခင်ဗျာ#

Oo Naing အစားတလိုင်း_Youtube Channel
   / oonaingasartalinecookingandeating  

Oo Naing အစားတလိုင်း_FaceBook Page
  / oonaingg  

Oo Naing အစားတလိုင်း_Instagram page
  / oonaingasartaline  

Oo Naing A Sar Ta Line ကိုဝင်​ရောက်ကြည့်ရှု့သူများအားလုံးကျန်းမာချမ်းသာ​ဘေးဘရာ​ဝေးကွာကြပါ​စေဗျာ။

Комментарии

Информация по комментариям в разработке