ယူကရိန်းဆီ ပို့ဆောင်မယ့် တင့်ကားတွေကို ဂျာမန် ကာကွယ်ရေး ဝန်ကြီး သွားရောက်စစ်ဆေး

Описание к видео ယူကရိန်းဆီ ပို့ဆောင်မယ့် တင့်ကားတွေကို ဂျာမန် ကာကွယ်ရေး ဝန်ကြီး သွားရောက်စစ်ဆေး

ယူကရိန်းဆီ ပို့ဆောင်ပေးဖို့ ရည်ရွယ်ထားတဲ့ တင့်ကားတွေကို ဂျာမနီ ကာကွယ်ရေး ဝန်ကြီးက သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က ဝန်ကြီး ဘောရစ္စ ပစ္စတိုးရီးယက်စ်ဟာ နိုင်ငံ အနောက်ပိုင်း၊ ဩဂက်စ်တိုဒေါ့ဖ် မြို့မှာရှိတဲ့ တင့်ကားတပ်မကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီဟာ ယူကရိန်းကို Leopard 2 အမျိုးအစား ပင်မ တိုက်ပွဲဝင် တင့်ကား ၁၄ စီး ထောက်ပံ့မယ်လို့ ကတိပြုထားရာမှာ အဲဒီတပ်မက တင့်ကားတွေကို ရွေးချယ် ပေးပို့သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းကမှ ကာကွယ်ရေး ဝန်ကြီး တာဝန်ကို ရယူခဲ့တဲ့ ပစ္စတိုးရီးယက်စ်က အဆင့်မြင့် နည်းပညာတွေ အသုံးပြု တည်ဆောက်ထားတဲ့ Leopard 2တွေရဲ့ စစ်ရေးလေ့ကျင့် မောင်းနှင်မှုတွေ၊ လက်တွေ့ ပစ်ခတ်မှုတွေကို စောင့်ကြည့်ခဲ့ပါတယ်။

သူက ဂျာမနီ အနေနဲ့ ယူကရိန်းကို ပေးပို့မယ့် တင့်ကားတွေ နေရာမှာ အစားပြန်ထိုးဖို့ တင့်ကားအသစ်တွေ အရေးတကြီး ဖြည့်တင်း မှာယူရမယ်လို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားချိန် ကတည်းက တစ်နှစ်လောက်အတွင်း ဂျာမနီ အနေနဲ့ စစ်လက်နက်တွေ အကြိမ်ကြိမ် ပေးပို့ ထောက်ပံ့ခဲ့တာကြောင့် လစ်ဟာသွားတဲ့ လက်နက်တိုက်ကို အမြန်ဆုံး ပြန်ဖြည့်တင်းဖို့ သူ့အနေနဲ့ ဦးစားပေး ရည်မှန်းထားတယ်လို့လည်း ပစ္စတိုးရီးယက်စ်က တင့်ကားတပ်မရဲ့ စစ်မှုထမ်းတွေကို ပြောကြားသွားခဲ့ပါတယ်။

Комментарии

Информация по комментариям в разработке